‘ အောင်မြတ်သာနှင့်တဝဂူစောင့်နတ်ပြိတ္တာ ”(စ/ဆုံး)

Unicode Version

” အောင်မြတ်သာနှင့်တဝဂူစောင့်နတ်ပြိတ္တာ ”(စ/ဆုံး)
———————————————————————-

ကျွန်းလုံးကြီးတွေနဲ့ခန့်ညားထည်ဝါစွာတည်ဆောက်ထားတဲ့ စံအိမ်တစ်လုံးအတွင်းမှတော့ ပိုးသားပဝါကိုကျနစွာပေါင်းထားပြီး ရေလှိုင်းပုံစံပါတဲ့ဇင်းမယ်ချိတ်လုံချည်ကို သေသပ်စွာဝတ်ဆင်ထားတဲ့ လူတစ်ယောက်က ကော့တက်နေတဲ့ နှုတ်ခမ်းမွှေးတွေကို လက်နဲ့သပ်ရင်း

“ မကြာခင် ငါတို့လူမျိုးတွေ စစ်ရှုံးနိုင်မယ့်အလားအလာ မြင်နေရတယ်။ ဒါကြောင့် ငါတို့ပိုင်တဲ့ပစ္စည်းတွေကို အယုဒ္ဓယကိုပြန်သယ်ဖို့လိုပြီထင်တယ်” လို့ပြောတော့ သလွန်ခြေရင်းမှာ ခန္ဓာကိုယ်တောင့်တောင့် ရင်အုပ်ကားကားနဲ့ လူတစ်ယောက်က

“ သူဌေးကြီးပိုင်ဆိုင်တဲ့ပစ္စည်းတွေက များလွန်းတဲ့အတွက် မြို့တော်ကို လူနဲ့တစ်ပါတည်းယူဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ ဒါကြောင့် အချို့ယူသင့်တာကိုယူဆောင်ပြီး အချို့တစ်ဝက်ကို ရာမ္မာဝတီမြို့(ယခုအခေါ် မော်လမြိုင်မြို့)ထဲမှာ တိတ်တဆိတ်ထားသိုနိုင်ရင် ပိုကောင်းမယ်လို့အကြံပြုတင်ပြအပ်ပါတယ်”

“ အိမ်း ငယ်ကျွန်ရင်းပြောတဲ့စကားတွေက သင့်တင့်လျောက်ပတ်ပေတယ်။ မနက်ဖြန်ကစပြီး မြို့တော်ကိုပြန်လို့ရမယ့် လမ်းကို တိုးတိုးတိတ်တိတ်ဖောက်လုပ်ကြစေ။ လိုအပ်တဲ့လူအင်အားကိုလဲ ငွေအလုံးအရင်းသုံးပြီးခေါ်ဆောင်စေ။ ဒီကိစ္စကို ငယ်ကျွန်ရင်းဗြရာဇ်က ဦးဆောင်ပေးပါ”

“ စိတ်ချပါ သူဌေးမင်း ကျွန်တော်မျိုး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးပါမယ်”

ရှမ်းသူဌေးကြီး ချူလာဆိုတာက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက ရမ္မာဝတီမြို့ကို ရှမ်းတွေတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာ အယုဒ္ဓယကနေ ရမ္မာဝတီမြို့ကိုပါလာတဲ့သူဖြစ်တယ်။ ချူလာဆိုတဲ့လူငယ်က သွက်လက်ချက်ချာတဲ့အပြင် လူတိုင်းနဲ့လည်း ပနံသင့်အောင် ပေါင်းသင်းနိုင်တဲ့အတွက် ရမ္မာဝတီမြို့ကို မွန်တွေပြန်သိမ်းနိုင်ခဲ့တဲ့အချိန်မှာတော့ သူ့ကိုယ်သူ မွန်လူမျိုးတစ်ယောက်အဖြစ်ဟန်ဆောင်ကာ စီးပွါးရေးကိုတစ်စိုက်မတ်မတ်လုပ်ဆောင်ခဲ့ရာကနေ အခုဆို ရမ္မာဝတီမြို့ရဲ့အထင်ကရသူဌေးကြီးချူလာအဖြစ်ကိုရောက်ရှိလာခဲ့တယ်။ သူကတော့ အပြင်ပန်းမှာသာ မွန်လူမျိုးအဖြစ်နေထိုင်ခဲ့ပေမယ့် မူရင်းစိတ်ထဲမှာတော့ သူဟာ ရှမ်းလူမျိုး အချိန်ရင် အယုဒ္ဓယကိုပြန်မယ်ဆိုတဲ့စိတ်ကူးက အမြဲတမ်းရှိခဲ့တယ်။ ဒါကြောင့် သူ့အိမ်မှာ အလုပ်လုပ်တဲ့သူတွေကိုလဲ အယုဒ္ဓယကနေ နည်းလမ်းမျိုးစုံနဲ့ခေါ်ဆောင်ထားခဲ့တယ်။

အခုလဲ မကြာခင် မွန်လူမျိုးတို့နဲ့ ရှမ်းလူမျိုးတို့ တိုက်ပွဲဖြစ်နိုင်တာကိုရိပ်စားမိတဲ့ ချူလာက သူပိုင်တဲ့ပစ္စည်းတွေကိုအယုဒ္ဓယကို ဘေးကင်းကင်းနဲ့သယ်နိုင်ဖို့အတွက် ကြီးမားတဲ့အကြံအစည်တစ်ခုကို စတင်ခဲ့ပါတော့တယ်။

++++++

သာသနာနှစ်(၂၃၆)ခုနှစ်မှာတော့ မွန်လူမျိုးတွေနေထိုင်တဲ့ ရမ္မာဝတီမြို့ကို ရှမ်းစစ်သည်တို့လာရောက်ကျူးကျော်တိုက်ခိုက်ခဲ့တယ်။ ရမ္မာဝတီမြို့အတွင်းမှာရှိတဲ့ မွန်လူမျိုးအချို့ကတော့ ရှိသမျှပစ္စည်းတွေကို ထုပ်ပိုးကာ ဘေးလွတ်ရာလွတ်ကင်းအောင် ပြေးလွှားနေခဲ့ကြတယ်။ နှစ်ဖက်လုံးကလဲ အနိုင်မခံအရှုံးမပေးပဲ တိုက်ခိုက်လာရာကနေ အထိအခိုက်အသေအဆုံးတွေများလာတဲ့အတွက် နှစ်ဖက်တပ်မှူးတွေအနေနဲ့ လူအထိခိုက်သေဆုံးမှုနည်းအောင်ဗုဒ္ဓဘာသာအယူအဆနဲ့ကိုက်ညီတဲ့ ပြိုင်ပွဲတစ်ခုကို ပြုလုပ်ဖို့ တွေ့ဆုံညှိနှိုင်းခဲ့ရာ တစ်နေ့ထဲဘုရားတစ်ဆူအမြန်ဆုံးတည်နိုင်မယ့်သူအနေနဲ့ မိမိတို့သိမ်းယူထားတဲ့ ဒေသကနေ ပြန်လည်ဆုတ်ခွါဖို့နဲ့ နောက်နောင်ဘယ်သောအခါမှ ကျူးကျော်မှုမပြုလုပ်ဖို့ဆိုတဲ့ကတိကဝတ်ကိုခံယူခဲ့ကြတယ်။

ဒီလိုနဲ့ မွန်လူမျိုးတွေက ရမ္မာဝတီမြို့ရဲ့ သံလင်တောင်စွယ်တစ်ခုပေါ်မှာစေတီတစ်ဆူကိုတည်ခဲ့ပြီး ရှမ်းလူမျိုးတွေက သူတို့အထိုင်ချရာဒေသရဲ့ တောင်ကုန်းပေါ်မှာ စေတီတစ်ဆူကိုတည်ခဲ့ကြတယ်။

မွန်လူမျိုးတွေက ဖြတ်ထိုးဥာဏ်အားကိုသုံးပြီး စေတီကို ဝါးများဖြင့်တည်ပြီး ထုံးသင်္ကန်းကပ်လိုက်တာကြောင့် အုတ်တွေနဲ့တည်နေတဲ့ ရှမ်းလူမျိုးအနေနဲ့ အရှုံးပေးရကာ မိမိတို့အရပ်ဒေသကိုပြန်လည်ဆုတ်ခွါခဲ့ရတယ်။ မွန်တွေတည်ခဲ့တဲ့စေတီကို မွန်လို “ကျာ်သေမ်လီု “..ကျာ်ရဲ့အဓိပ္ပါယ်က ဘုရား၊ သေမ် ရဲ့အဓိပ္ပါယ်က ရှမ်း၊ လီု ရဲ့အဓိပ္ပါယ်က ထွက်ပြေးခြင်းဖြစ်တဲ့အတွက် မြန်မာလိုပြောရရင် ရှမ်းလူမျိုးများထွက်ပြေးသောဘုရားလို့ အဓိပ္ပါယ်သက်ရောက်စေခဲ့တယ်။ ရှမ်းတွေလန်ပြီးထွက်ပြေးတဲ့ဘုရားဖြစ်တဲ့အတွက် ကျိုက်ရှမ်းလန်လို့ခေါ်ဆိုရာကနေ နှစ်ကဋလကြာညောင်းလာတာနဲ့အမျှ ကျိုက်သလ္လံစေတီလို့ခေါ်တွင်လာခဲ့ကြတယ်။
+++++

သူဌေးကြီးချူလာကတော့ ရှမ်းတွေစစ်ရှုံးတာနဲ့ ရာမ္မာဝတီမြို့ထဲကနေ ပစ္စည်းဥစ္စာများနဲ့အတူပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ ဒီလိုနဲ့ ငါးနှစ်လောက်ကြာတော့ ရမ္မာဝတီမြို့ထဲကို ဥပဓိရုပ်အလွန်ကောင်းတဲ့ ရသေ့တစ်ပါး ရောက်ရှိလာခဲ့တယ်။ ဘာသာရေးကို အလေးထားကြတဲ့ မွန်လူမျိုးတွေဖြစ်တဲ့ ရမ္မာဝတီမြို့သူမြို့သားတွေကတော့ တည်ငြိမ်ပြီးအေးချမ်းတဲ့ရုပ်သွင်ရှိတဲ့ ရသေ့ကို လှူဖွယ်ဝတ္တုတွေလှူဒါန်းခဲ့ကြတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ရမ္မာဝတီမြို့ထဲမှာရှိတဲ့ ဘုရားမုဒ်ဦးစောင့်ခြင်္သေ့ရုပ်ထုတွေ ဗိုက်ဖောက်ခံရတဲ့ဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့တယ်။ ဘုရားစေတီတွေရဲ့ဌာပနာဖောက်ခံရတာမဟုတ်ပဲ ခြင်္သေ့ရုပ်ထုတွေရဲ့ ဝမ်းဗိုက်ကိုသာဖောက်သွားတာဖြစ်လို့ မြို့စောင့်တပ်မှူးတွေအနေနဲ့ ခေါင်းရှုပ်မခံတော့ပဲ ပေါက်သွားတဲ့ဝမ်းဗိုက်နေရာတွေကို ပြန်ပိတ်ပေးခဲ့တယ်။ ထူးဆန်းတာကမုဒ်ဦးစောင့်ခြင်္သေ့ရုပ်ထုတွေကိစ္စဖြစ်တဲ့အချိန်ကစပြီး နေ့တိုင်းဆွမ်းခံကြွနေတဲ့ရသေ့ပါ ပျောက်သွားခဲ့တယ်။
++++++++

စွဲစွဲငင်ငင်ထွက်ပေါ်လာတဲ့ နှဲသံအပြင် ဆိုင်းသံဗုံသံတွေနဲ့ဆူညံနေတဲ့ ခြံဝင်းအတွင်းမှာတော့ ဇင်းမယ်ချိတ်လုံချည်နဲ့ ပိုးသားအင်္ကျီကိုဝတ်ဆင်ထားတဲ့ သူဌေးတစ်ဦးက ဟက်ဟက်ပက်ပက်ရယ်မောရင်း ကချေသည်တွေကို ဆုလာဘ်တွေချီးမြှင့်နေခဲ့တယ်။ သူ့ဘေးမှာတော့ ဆံရိတ်ထားတာမကြာသေးတဲ့ဆံပင်ပုံစံနဲ့ လူတစ်ယောက်က အရက်ခွက်ကိုကိုင်ကာ စည်းချက်ညီစွာကနေတဲ့ မိန်းကလေးတွေကို စူးစိုက်ကြည့်နေခဲ့တယ်။

“ ငယ်ကျွန်ကြီး … သင်ရဲ့ရိုးသားတဲ့စိတ်ရင်း၊ ထူးချွန်စွာကြိုးပမ်းမှုတွေကြောင့် ရမ္မာဝတီမြို့တွင်းမှာကျန်ခဲ့တဲ့ ပစ္စည်းဥစ္စာတွေပြန်ရခဲ့တာမဟုတ်လား…ဒါကြောင့် သင်ပြန်ရောက်တဲ့အထိမ်းအမှတ်အနေနဲ့ ပျော်ပွဲရွှင်ပွဲလုပ်ပေးတာကို ဘာကြောင့်မှိုင်တွေနေရသလဲ”

“ မှိုင်တွေနေတာမဟုတ်ပါဘူး သူဌေး… ကျွန်တော်မျိုးတို့ ဖောက်ခဲ့တဲ့လှိုဏ်ခေါင်းက ရမ္မာဝတီမြို့ကနေ အယုဒ္ဓယပိုင်နက်နယ်မြေအထိ လမ်းပေါက်တာကို ရန်သူတွေသိသွားမှာစိတ်ပူနေမိတာပါ”

ဗြရာဇ်စကားကြောင့် သူဌေးကြီးက ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး
“ အသင် အခုရက်ပိုင်း အနားယူပြီးရင် ရမ္မာဝတီမြို့ကို တစ်ခေါက်ထပ်သွားရလိမ့်မယ်”

“ ဗျာ … ဘယ်လိုအကြောင်းမျိုးကြောင့် ထပ်သွားရမှာလဲ..”

“ အသင်အနေနဲ့ အခုယူဆောင်လာတဲ့ ပစ္စည်းတွေလောက်ပဲ ရမ္မာဝတီမြို့ထဲမှာရှိတယ်ထင်နေတာလား”

သူဌေးကြီးစကားကြောင့် အရက်မူးတဲ့ဒဏ်ကြောင့် ရီဝေဝေဖြစ်တဲ့ ဗြရာဇ်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး

“ ဒါဆို ရတနာတွေက မြို့ထဲမှာရှိသေးတာလား”

“ အေး ဟုတ်တယ် … သင်တို့အခုယူလာတဲ့ပစ္စည်းတွေအပြင် အခြားရတနာတွေထပ်ရှိသေးတယ်၊ ဒီတစ်ခါတော့ အသင်တစ်ယောက်ထဲ မြို့ကိုဖောက်ဝင်ရမှာမို့ ကျုပ်အနည်းငယ်စိတ်ပူမိတယ်”

“ စိတ်မပူပါနဲ့ သူဌေး… ကျုပ်ရဲ့အသက်က သူဌေးအတွက်ပေးဆပ်ထားတာမို့ အသက်ယဲ့ယဲ့ကျန်တာတောင် တာဝန်ကိုပြီးဆုံးအောင်လုပ်ပေးပါမယ်”

ကျွန်တော်ရင်းဗြရာဇ်စကားအဆုံးမှာ သူဌေးကြီးချူလာဆီကနေ ကျယ်လောင်စွာရယ်မောတဲ့အသံတစ်ခုထွက်ပေါ်လာခဲ့တယ်။
+++++++

“ဂျိမ်း”

ဂူတံခါးကိုပိတ်ချလိုက်တဲ့အသံကြောင့် လှိုဏ်ဂူအတွင်းပိုင်းတစ်ခုလုံးမဲမှောင်ပိတ်ဖုံးသွားခဲ့တယ်။ ဗြရာဇ်လဲ အသင့်ပါလာတဲ့ မီးတုတ်ကို မီးညှိကာ လွယ်အိတ်ထဲပါလာတဲ့ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ စားသောက်စရာတွေကိုမပြုတ်ကျအောင် သေချာချည်နှောင်ပြီး လပေါင်းများစွာသွားရမယ့်ခရီးကို တစ်ဦးထဲစတင်ခဲ့တယ်။

“ ရမ္မာဝတီမြို့အစွန်မှာရှိတဲ့ နဂါးရုပ်ထုအမြှီးပိုင်းမှာ ပြည်တန်ပတ္တမြားတစ်တင်းမြုပ်ထားတယ်ဆိုပါလား… ဒီရတနာတွေကို ယူဖို့ဆိုရင် ရသေ့ယောင်ဆောင်လို့တော့ မဖြစ်တော့ဘူး တစ်ခြားနည်းသုံးမှဖြစ်မယ်”

ဗြရာဇ်က တစ်ယောက်ထဲရေရွတ်ရင်း ခရီးဆက်လာခဲ့တာ လှိုဏ်ဂူတစ်နေရာရောက်တော့ ငလျင်ဒဏ်ကြောင့်ပြိုကျနေတဲ့အတွင်းနံရံထဲကနေ လူအရိုးစုအချို့ထွက်ကျနေတာကိုမြင်လိုက်ရတယ်။

“ ဒီအရိုးစုတွေက လှိုဏ်ဂူဖောက်ပေးတဲ့သူတွေရဲ့ အရိုးစုတွေပဲဖြစ်ရမယ်၊ သူဌေးက အလုပ်သမားတွေအားလုံးကို နှုတ်ပိတ်ပြီး ဂူထဲမှာပဲမြုပ်ခိုင်းခဲ့တယ်လို့တော့ ကြားဖူးတယ်။ ငါ့ကိုရော သူနှုတ်ပိတ်နိုင်မလား…. အို မဖြစ်နိုင်ပါဘူး ငါက သူ့အတွက်ရတနာတွေယူပေးတဲ့သူပဲ ဒီလောက်တော့မလုပ်နိုင်ပါဘူး”

တစ်ယောက်ထဲ အတွေးများရင်း လျောက်လာတဲ့အချိန် ဝင်လာတဲ့ဂူပေါက်နေရာကနေ ကျယ်လောင်တဲ့ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရတယ်။

“ ဝုန်း …..ဝေါ ဝရော ဝရော”

ပြင်းထန်တဲ့ပေါက်ကွဲသံနဲ့အတူ ဗြရာဇ်ရပ်နေတဲ့ လှိုဏ်ဂူအတွင်းနံရံတွေတစ်ဝုန်းဝုန်းနဲ့ပြိုကျလာခဲ့တယ်။ အေးစက်စက်မာကျောကျော မြေသားတွေနဲ့ပိပြီးလှုပ်မရဖြစ်နေတဲ့ဗြရာဇ်ရဲ့ ခန္ဓာကိုယ်မှာတော့ သွေးအလိမ်းလိမ်းဖြစ်နေခဲ့ပြီး ခြေထောက်တစ်ဖက်ကလဲ မြေသားတွေပိတဲ့ဒဏ်ကြောင့် လုံးဝလှုပ်မရတော့ပေ။ အဲဒီအချိန် အတုံးလိုက်ပြိုကျလာတဲ့ မြေသားအချို့က ဗြရာဇ်ရဲ့ ဦးခေါင်းပေါ်သို့ကျလာကာ လှိုဏ်ခေါင်းရဲ့အစွန်ဆုံးနေရာတစ်ခုလုံး မြေသားတွေနဲ့ပိတ်သွားခဲ့တယ်။ အဲဒီထဲမှာတော့ ဗြရာဇ်ရဲ့ အသက်မဲ့နေတဲ့ခန္ဓာကိုယ်က မလှုပ်မယှက်။
++++++++++

ဆီမီးရောင်မှိန်ပြပြလင်းနေတဲ့ ဧည့်ခန်းဆောင်အတွင်းမှာတော့ သူဌေးကြီးချူလာက ရွှေခွက်အတွင်းမှာရှိတဲ့ သေရည်ကို နှုတ်ခမ်းစွတ်ရုံမော့လိုက်ပြီး

“ ငါခိုင်းတဲ့ကိစ္စ အားလုံးအဆင်ပြေချောမွေ့ရဲ့လား”

“ သူဌေးကြီးရဲ့အမျှော်အမြင်ကြောင့် အားလုံးအဆင်ပြေပါတယ်၊ အခုဆို ရမ္မာဝတီမြို့ကနေ အယုဒ္ဓယနယ်စပ်အထိပေါက်ရောက်တဲ့ လှိုဏ်ဂူအကြောင်းကို ကျွန်တော်မျိုးကလွဲပြီး ဘယ်သူမှမသိတော့ပါဘူး”

“ အိမ်း ဒါဖြင့်လဲ ငါတို့ဘက်မှာရှိတဲ့ ဂူပေါက်ကိုဘယ်သူမှမမြင်နိုင်အောင် ပိတ်ဆို့လိုက်ကြ၊ နောက် ငါးလလောက်ကြာရင် ဗြရာဇ်ရဲ့ ဆွေမျိုးတွေကို ငွေစအနည်းငယ်ပေးပြီး နှစ်သိမ့်ပေးလိုက်”

သူဌေးကြီးက စကားအဆုံးမှာ ဘဏ္ဍာထိန်းဖြစ်သူက သိရှိကြောင်းပြောကာ ဧည့်ခန်းဆောင်ကနေပြန်ထွက်သွားခဲ့တယ်။

ဒီကိစ္စတွေဖြစ်ပြီး နှစ်ပေါင်းမြောက်များစွာကြာလာတဲ့အခါ ရာမ္မာဝတီမြို့ဆိုတဲ့နာမည်ကနေ မော်လမြိုင်မြို့လို့ နာမည်တွင်လာခဲ့ပြီး လှိုဏ်ဂူအကြောင်းကလဲ ငုပ်လျှိုးပျောက်ကွယ်သွားခဲ့တယ်။
+++++++
“ ဩကာသ ဩကာသ ဩကာသ….” အစချီပြီး ရွတ်ဆိုလိုက်တဲ့ အသံကြောင့် အိပ်တန်းတက်ဖို့ ပြင်နေကြတဲ့ ကျေးဌက်အချို့ လန့်ပြီးထပျံသွားခဲ့တယ်။

“ ကိုရင်ကုသလ၊ကိုရင်ဝေပုလ္လနဲ့ ကိုရင်သုစိတ္တတို့သုံးပါးမတွေ့ပါလား… “

ကိုနှစ်ပင်ပူးကျစ်ထားတဲ့ ထားဝယ်ကြိမ်လုံးကို ကိုင်ပြီးမေးလိုက်တဲ့ စာချဆရာတော်စကားကြောင့် ဘုရားဝတ်တက်ဖို့ လာတဲ့ ကိိုရင်ကြီးသုမနက

“ သူတို့သုံးပါးကို ညနေထဲကမတွေ့မိတာဘုရား… တပည့်တော်အထင် ကျောင်းအနောက်ဘက်က လျှိုထဲသွားပြီး အကောင်ငယ်တွေသွားဖမ်းပြန်ပြီထင်ပါတယ်ဘုရား”

“ ဒီကိုရင်တွေနဲ့တော့ခက်ပါဘိ ပြန်လာရင် ကြောကော့အောင် ရိုက်ပေးရမယ်… ကဲကဲ အားလုံး ဘုရားဝတ်တက်ကြတော့”

စာချဆရာတော်က ကိုရင်သုံးပါးကို စိတ်မချဟန်နဲ့ ကျောင်းပေါက်ဝကိုကြည့်လိုက် ဝတ်ပြုနေကြတဲ့ကိုရင်ငယ်လေးတွေကိုကြည့်လိုက်ဖြစ်နေခဲ့တယ်။

+++++++++

“ကုသလ .. မကြာခင်နေဝင်တော့မှာဆိုတော့ ပြန်ကြရအောင်”

“ ခဏလေးပါကွာ ခုနကတွေ့တဲ့ ယုန်က ဒီခြုံနားတင်ပျောက်သွားတာ.. “

ဝေပုလ္လက ဖရိုဖရဲဖြစ်နေတဲ့ သင်္ကန်းစကို ပခုံးပေါ်ဆွဲတင်လိုက်ပြီး ခြုံတွေကြားထဲကိုတိုးဝင်သွားခဲ့တယ်။

“ ကုသလ … ကုသလ”

လေသံတိုးတိုးနဲ့ခေါ်လိုက်တဲ့အသံကြောင့် ကိုရင်ကုသလ္လနဲ့ ကိုရင်သုစိတ္တကမျက်ခုံးပင့်ပြီး
“ ဘာလဲဟ”

“ ဟိုမှာ ယုန်ဖြူဖြူလေးတွေ့ပီကွ.. မင်းက ဘယ်ဘက်ကနေဝိုက်… ငါကညာဘက်ကနေဝိုက်ပြီးဖမ်းမယ်။ သုစိတ္တက လွတ်တဲ့အပေါက်ကိုကြည့်ထား…လက်ကမြဲပစေ့နော်”

ကိုရင်ဝေပုလ္လက သူ့ဘာသာသူအကွက်ချပြီး ယုန်ကိုဖမ်းဖို့ဟန်ပြင်လိုက်တယ်။ ကိုရင်သုံးပါး ဘယ်ညာနှစ်ဖက်ဝိုက်ပြီးတက်လာတဲ့အချိန် အကင်းပါးတဲ့ယုန်က မလှမ်းမကမ်းမှာရှိတဲ့ခြုံထဲဝင်ပြေးပါလေရော။

ဒီတစ်ခါမှာတော့ ဝေပုလ္လက ပြေးဝင်သွားတဲ့ခြုံတွေကို လက်နဲ့ဆွဲဖယ်လိုက်ရာ လူတစ်ကိုယ်ဝင်လို့ရတဲ့ ဂူပေါက်တစ်ခုကိုမြင်လိုက်ရတယ်။

“ ဒီမှာ ဂူပေါက်ကြီးဟ လညကြည့်စမ်း”

“ ဟေ ဟုတ်လား “

“ အေးကွ ယုန်ကဒီထဲဝင်သွားတာဖြစ်မယ် “

“ မင်းကလိုက်ဝင်မလို့လား”

“ နည်းနည်းဝင်ကြည့်လိုက်မယ်လေ … လာပါ မင်းကလဲကြောက်တတ်ရန်ကော”

ဝေပုလ္လစကားအဆုံးမှာ ကုသလနဲ့သုစိတ္တကလက်ကိုဆွဲပြီး ဂူထဲကိုဝင်သွားခဲ့တယ်။

“ ဝေပုလ္လ … ငါကြောက်လာပီကွာ အထဲမှာက မှောင်မဲပြီးအေးစိမ့်နေတာပဲ”

“ အေးပါကွ ငါလဲ အထဲထိမဝင်ပါဘူး.. ဒီနေရာမှာ ဂူတစ်ဂူရှိတာ ဘယ်သူမှမသိဘူးထင်တယ်နော်”

ဝေပုလ္လက ဂူအတွင်းနံရံတွေကိုလက်နဲ့စမ်းပြီးပြောလိုက်တဲ့ အချိန် နီရဲနေတဲ့မျက်လုံးနှစ်လုံးက ဂူအတွင်းပိုင်းထဲကနေပေါ်လာခဲ့တယ်။

“ ကုသလရေ ဟိုးမှာ ဟိုးမှာ …”

ဝေပုလ္လက ပန်းသီးလုံးလောက်ရှိတဲ့ အနီလုံးကိုလဲမြင်ရော ကုသလလက်ကိုဆွဲကာထွက်ပြေးဖို့အလုပ် အေးစက်တဲ့လက်အစုံက ကုသလ၊ဝေပုလ္လနဲ့ သုစိတ္တတို့ရဲ့ခြေထောက်တွေကို ဂူအတွင်းသို့ တစ်ရွတ်တိုက်ဆွဲခေါ်သွားခဲ့တယ်။

ကိုရင်ငယ်သုံးပါးရဲ့ကြောက်လန့်တစ်ကြားအော်ဟစ်သံတွေကလဲ လူသူမရှိတဲ့ လှိုဏ်ဂူအတွင်းမှာတင် တစ်စတစ်စ ပျောက်ကွယ်သွားခဲ့တယ်။

ကျောင်းထိုင်ဆရာတော်လဲ ကိုရင်ငယ်သုံးပါး ရုတ်တရက်ပျောက်ဆုံးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ကာ တောစောင့်နတ်၊ တောင်စောင့်နတ်အပေါင်းအားမေတ္တာပို့သကာ ပြန်လည်ရှာတွေ့ဖို့အဓိဌာန်ပြုဆုတောင်းခဲ့တယ်။

ဆရာတော်ရဲ့သစ္စာကြောင့် အောင်မြတ်သာတို့မနေသာတော့ပဲ ပျောက်သွားတဲ့ကိုရင်တွေကိုရှာဖို့အတွက် နာဂဝီသတောင်တန်းရှိရာဘက်ကိုထွက်လာခဲ့ကြတယ်။

လူသူအရောက်ပေါက်နည်းပြီး သစ်ပင်ကြီးငယ်တွေ ကြီးစိုးနေတဲ့ နာဂဝီသတောင်တန်းပေါ်ကိုရောက်တော့ ရွှေရောင်တဝင်းဝင်းနဲ့သပ္ပါယ်နေတဲ့ ကျိုက်သလ္လံစေတီကို ကန်တော့နေတဲ့အချိန် ဝူးဝူးဝါးဝါးအသံကြားလို့ ကြည့်လိုက်တော့ မုန့်ကြိုးလိမ်တစ်ခုကို ကိုက်ပြီး မလှမ်းမကမ်းမှာရပ်နေတဲ့ ကလေးနှစ်ယောက်ကိုမြင်လိုက်ရတယ်။

ဆံတောက်ဝိုင်းဆံပင်နဲ့ မိန်းကလေးက အောင်မြတ်သာတို့ကိုလဲမြင်ရော လက်ဟန်ခြေဟန်နဲ့တစ်ခုခုကိုပြောချင်နေတဲ့ဟန်ကိုမြင်လိုက်ရတယ်။ ဒါကိုအကင်းပါးတဲ့အောင်မြတ်သာက ကလေးတွေအနားကိုသွားပြီး

“ သားနဲ့သမီး နာမည်ဘယ်လိုခေါ်လဲကွယ့်”

“ သား သားနာမည်က မောင်ကျော်လို့ခေါ်တယ်၊ သူက စကားမပြောတတ်လို့ မရွှေအလို့ပဲခေါ်ကြတယ်”

“ ရွှေအလေးနဲ့ မောင်ကျော်က ဦးတို့ကို ဘာများပြောချင်လို့ စောင့်နေကြတာလဲ”

“ ဟိုလေ သားတို့အဖိုးက ပုတီးစိပ်နေလို့ ဦးတို့လာရင် တဝဂူရှိတဲ့နေရာပြောပြပေးရမယ်ဆိုပြီးမှာထားလို့ပါ”

“ သားတို့က တဝဂူကိုသိကြတာလား”

“ သိတာပေါ့ တဝဂူဘေးမှာ သားတို့သူငယ်ချင်းတွေရှိတယ်၊ တစ်ခါတစ်လေ သူတို့က သားတို့ဘုရားမှာလာကစားတယ်”

“ ဟုတ်ပါပြီ ဒါဆို တဝဂူကိုဘယ်ကနေသွားရလဲ ဦးတို့ကို ပြောပြနော်”

အောင်မြတ်သာစကားကိုကြားတော့ မောင်ကျော်က တောက်ဘက်ကိုလက်ညိုးထိုးပြီး

“ ဒီကနေ တောင်ဘက်စူးစူးကိုထွက်သွားရင် ဘုရားတစ်ဆူတွေ့လိမ့်မယ်၊ အဲဒီကနေ ထပ်သွားရင်တော့ နဂါးတစ်ကောင်အမောက်ထောင်နေတာနဲ့တူတဲ့ တောင်ကိုတွေ့လိမ့်မယ်၊ အဲဒီတောင်ရဲ့ ဘေးမှာ တဝဂူရှိတယ်။ ဦးတို့သွားရင် ဂူထဲက လူကြီးကို သတိထားနော်၊ သူက သားတို့ဂူထဲဝင်ဆော့ရင်တောင် လိုက်ရိုက်တာ”

“ စိတ်ချပါ ဦးတို့ သတိထားပါ့မယ်… အဖိုးကိုလဲ အပြန်မှဝင်နှုတ်ဆက်ပါ့မယ်လို့ပြောထားပေးပါဦး”

ကလေးနှစ်ယောက်လဲ အောင်မြတ်သာတို့စကားကိုကြားတော့ နှစ်လိုဖွယ်အပြုံးနဲ့နှုတ်ဆက်ကာ ခေါင်းလောင်းဘေးကိုဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်။

အောင်မြတ်သာတို့လဲ ကျိုက်သလ္လံစေတီကနေထွက်လာပြီး တောင်ဘက်စွန်းစွန်းကိုခရီးဆက်ခဲ့ကြတယ်။

“ ဆရာ ခုနကတွေ့တဲ့ ကလေးတွေက သိုက်စောင့်တွေလား”

“ ဟုတ်တယ် … သူတို့က အကြောင်းအမျိုးမျိုးကြောင့် မကျွတ်လွတ်ပဲ ဘုရားမှာနေနေရတာလေ ၊ ဒီအနီးနားတစ်ဝိုက်ကလူတွေကတော့ ကလေးတွေအတွက် မုန့်တွေ၊ ကစားစရာတွေ ယူလာပေးတတ်တယ်လို့ ကြားဖူးတယ်”

“ ဒါဆို ကိုရင်တွေပျောက်သွားတာက ကလေးတွေပြောတဲ့ လူကြောင့်များဖြစ်နေမလား”

“ သေချာတာပေါ့သက်ခိုင်ရာ… ကိုရင်လေးတွေက ဂူပေါက်ကိုအမှတ်မထင်တွေ့ပြီးစူးစမ်းကြည့်ရာကနေ အထဲမှာမကျွတ်လွတ်ပဲရှိနေတဲ့သူတွေက ဖွက်ထားလိုက်တာဖြစ်နိုင်တယ်၊ ငါတို့ ဂူထဲကိုရောက်ရင် အဖြေကိုသိရမှာပါ။ အခုတော့ အချိန်မနှောင်းခင် တဝဂူကိုတွေ့အောင်ရှာကြရအောင်”

အောင်မြတ်သာက စကားအဆုံးမှာ လျှင်မြန်တဲ့ခြေလှမ်းတွေနဲ့ ထွက်သွားခဲ့တယ်။ တစ်နာရီလောက် လမ်းလျောက်ပြီးချိန်မှာတော့ နဂါးတစ်ကောင်အမောက်ထောင်သလိုဖြစ်တည်နေတဲ့ ကမူတစ်ခုကိုမြင်လိုက်ရတယ်။ တောင်ရဲ့အပေါ်မှာတော့ စေတီငယ်လေးတစ်ဆူတည်ထားတာကိုလဲ မြင်တွေ့ခဲ့တယ်။

“ ကလေးတွေပြောတဲ့ နေရာကိုတွေ့ပြီဆိုတော့ တဝဂူဆိုတာကို ရှာကြတာပေါ့… အော် ငါနဲ့ သက်ခိုင် ဂူပေါက်ကိုရှာနေတုန်း တောက်ရက ဂူထဲမှာထွန်းဖို့မီးတုတ်တွေ ရသလောက်လုပ်ထားပါ”

“ ဟုတ်ကဲ့ဆရာ ခုနကလာတဲ့လမ်းမှာ ထင်းခုတ်သမားတွေ နေတဲ့တဲအိမ်အချို့ကိုတွေ့ခဲ့တယ်၊ သူတို့ကိုအကူအညီတောင်းပြီး လုပ်ထားလိုက်ပါမယ်”

အောင်မြတ်သာလဲ တာဝန်ခွဲပေးပြီးတာနဲ့ ဂူပေါက်ဝကိုအမြန်ဆုံးရှာတွေ့ဖို့အတွက် တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို တည်တည်နေတဲ့အချိန် ကမူပေါ်မှာရှိတဲ့ ဘုရားကနေ ဆံရစ်ဝိုင်းတွေနဲ့ကလေးသုံးယောက် ခုန်ပေါက်ပြေးဆင်းလာခဲ့တယ်။

“ ဆရာ ဟိုမှာ ကလေးတွေ ကျွန်တော်တို့ဆီလာနေပါလား”

ကလေးတွေက အောင်မြတ်သာတို့အနားကိုရောက်တော့ လက်ထဲကိုင်ထားတဲ့ ငှက်ပျောသီးကိုတစ်ကိုက်ကိုက်လိုက်ပြီး

“ ဦးဦးတို့က တဝဂူပေါက်ကိုလာရှာတဲ့သူတွေလား”

“ ဟုတ်ပါတယ် ဒါနဲ့ ကလေးတို့က ဘယ်လိုသိကြတာလဲ”

“ ဘယ်လိုသိဆိုတော့ မယ်တော်ကြီးပြောပြလို့သိတာ… မယ်တော်ကြီးက အဓိဌာန်ဝင်နေလို့ဦးတို့ကို လာတွေ့လို့မရသေးတဲ့အကြောင်းရယ်… ဂူပေါက်ကိုရှာတွေ့ချင်ရင် တောင်ပတ်လမ်းမှာရှိတဲ့ လျှိုထဲကိုဆင်းသွားရမယ်ဆိုတာ လာပြောခိုင်းလိုက်လို့ပါ”

“ လိမ်မာလိုက်တဲ့ကလေးတွေပါလား… မယ်တော်ကြီးကိုလဲအပြန်ဝင်တွေ့ပါမယ်လို့သတင်းပါးပေးဦးနော်”

“ ဟုတ်ကဲ့ ဦးဦး ဒါဆို သားတို့သွားတော့မယ်နော်”

ကလေးတွေက အောင်မြတ်သာတို့ကို အရိုအသေပေးပြီး စေတီပေါ်ကိုပြန်တက်သွားခဲ့ကြတယ်။ကလေးတွေပြန်သွားတော့ အောင်မြတ်သာတို့လဲ တောင်ပတ်လမ်းမှာရှိတဲ့ လျှိုထဲကိုဆင်းဖို့ နေရာကြည့်လိုက်ရာ သစ်ပင်ငယ်လေးတွေကျိုးပဲ့နေတဲ့တစ်နေရာကိုမြင်လိုက်ရတယ်။

“ ကိုရင်လေးတွေက ဒီကနေဆင်းသွားကြတာပဲ… ငါတို့လဲ ကျိုးနေတဲ့အပင်ငယ်လေးတွေရှိတဲ့ဘက်ကနေသွားရင် ဂူပေါက်ကိုသေချာပေါက်တွေ့မယ်ထင်တယ်၊ အခုတော့ တောက်ရပြန်အလာကိုစောင့်ကြတာပေါ့”

“ဟုတ်ကဲ့ပါဆရာ…. ဒါနဲ့ ဂူထဲမှာရှိတဲ့ပုဂ္ဂိုလ်က သာမန်တစ္ဆေသရဲအဆင့်လောက်တော့မဟုတ်ဘူးထင်တယ်နော်”

“ သေချာတာပေါ့ကွာ… ဒီတောဒီတောင်မှာရှိတဲ့ နတ်ကောင်းနတ်မြတ်တွေတောင် သူနေတာကိုအသိအမှတ်ပြုပုံထောက်ရင် သူ့က နတ်ပြိတ္တာအဆင့်လောက်ရောက်နေပြီထင်တယ်”

“ နတ်ပြိတ္တာဆိုတာက ဘယ်လိုမျိုးလဲဆရာ”

“ နတ်ပြိတ္တာဆိုတာက ပြိတ္တာတွေထက်အဆင့်မြင့်ပြီး နတ်တွေထက်အဆင့်နိမ့်တဲ့သဘောပဲ၊ ဒီဂူပေါက်အပြင်မှာဆိုရင် သူကဘာအစွမ်းသတ္တိမှထုတ်သုံးလို့မရပေမယ့် ဂူထဲမှာဆိုရင်တော့ သူစိတ်ဆန္ဒအတိုင်းလုပ်လို့ရတယ်ဆိုတဲ့သဘောပဲ”

သက်ခိုင်လဲ အောင်မြတ်သာပြောပြတဲ့နတ်ပြိတ္တာအကြောင်းကိုစဉ်းစားပြီး စေတီရှိရာဘက်ကိုပြန်လာတဲ့အချိန် တောက်ရက မီးတုတ်အချို့ကိုပိုက်ပြီးရောက်လာခဲ့တယ်။

“ ဆရာ ထင်းခုတ်သမားတွေဆီက မီးတုတ်ငါးချောင်းလောက်ပဲရခဲ့တယ်။ ဒါပေမယ့် မီးတုပ်မှာသုံးမယ့် အဝတ်စနဲ့ကညင်ဆီတွေတော့ ပါလာခဲ့တယ်”

“ ဒီလောက်ဆို ရလောက်ပါပြီ… ဒါဖြင့် ပစ္စည်းတွေလဲဆုံပြီဆိုတော့ ဂူထဲဝင်ကြတာပေါ့။ အထဲရောက်လို့ရှိရင် ငါ့အနောက်မှာပဲနေကြ… အကြောင်းမရှိပဲ ဂူနံရံတွေကို မထိကိုင်ဖို့လဲသတိထားဦး”

“ ဟုတ်ကဲ့ပါဆရာ ကျွန်တော်တို့ သေချာမှတ်သားလိုက်နာပါ့မယ်”

“ ဒါဖြင့် ဂူကိုရှာဖို့သွားကြတာပေါ့”

အောင်မြတ်သာတို့လဲ တောင်ပတ်လမ်းကနေမှတစ်ဆင့် ကိုရင်လေးတွေဆင်းသွားတဲ့လမ်းလို့ထင်ရတဲ့နေရာကနေ ဖြေးဖြေးချင်းဆင်းလာရာ ဆယ်မိနစ်လောက်ကြာတော့ ဆူးပင်ပေါ်မှာ ငြိပြီးကျန်နေတဲ့ သင်္ကန်းစတစ်ခုကိုမြင်လိုက်ရတယ်။

“ ဆရာ ဒီအပင်မှာ သင်္ကန်းစတစ်စချိတ်နေတယ်… ကိုရင်လေးတွေ လျှိုထဲဆင်းတာသေချာပြီ”

“ ဒါဆိုရင် ဒီအနားမှာပဲဂူပေါက်ရှိရမယ် ထူနေတဲ့ခြုံတွေကို ဖယ်ပြီးကြည့်ကြဦး”

အောင်မြတ်သာတို့လဲ ပတ်ပတ်လည်မှာရှိတဲ့ ခြုံနွယ်တွေကို ဖယ်ပြီးရှာကြည့်ရာ ဘိစပ်ပင်တွေထူထပ်စွာပေါက်နေတဲ့ခြုံအနောက်မှာ လူတစ်ကိုယ်ဝင်လို့ရတဲ့ ဂူပေါက်တစ်ခုကို မြင်တွေ့လိုက်ရတယ်။

“ ဆရာ ဒီမှာ ဂူပေါက်တော့တွေ့ပြီ … လာကြည့်ပါဦး”

သက်ခိုင်စကားကြောင့် ဂူပေါက်ကိုကြည့်လိုက်ရာ မြေကြီးပေါ်မှာ အင်္ဂတေတွေနဲ့ဂူပေါက်သဏ္ဍာန်လုပ်ပြီးမြေကြီးထဲကိုတစ်ဆင့်ချင်းနိမ့်ဆင်းသွားတာကိုမြင်လိုက်ရတယ်။

“ မီးတုတ်တွေ အသင့်ညှိထားလိုက်တော့ “

အောင်မြတ်သာစကားကြောင့် တောက်ရက လက်မှာပွေ့ထားတဲ့မီးတုတ်တွေထဲက တစ်ချောင်းကိုမီးညှိပြီးကမ်းပေးလိုက်တယ်။

မီးအလင်းရောင်က အပြင်မှာသိပ်မသိသာပေမယ့် ဂူထဲကိုဆင်းသွားတဲ့အချိန်မှာတော့ အတော်လေးလင်းလာတာကိုသတိပြုမိခဲ့တယ်။ အောင်မြတ်သာတို့ ဂူထဲကိုဆင်းလာပြီး ခြေလှမ်းဆယ်လှမ်းလောက်အရောက်မှာတော့ ဂူထဲကနေ မနှစ်မြို့တဲ့အော်သံတွေနဲ့အတူ လေပြင်းအချို့တိုက်ခတ်လာခဲ့တယ်။

“ လေဝင်ပေါက်မရှိတဲ့ဂူထဲကနေ ဘယ်ကလေပြင်းတွေရောက်လာတာလဲမသိဘူး…”

သက်ခိုင်က ဗျစ်တောက်ဗျစ်တောက်ပြောပြီး မီးမငြိမ်းဖို့အတွက် ကိုယ်နဲ့ကွယ်ထားလိုက်တယ်။ လေပြင်းတွေစက္ကန့်ပိုင်းလောက်တိုက်ခတ်ပြီးချိန်မှာတော့ ပြန်လည်ငြိမ်သက်သွားပြီး လှိုဏ်ဂူတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်။

“ ဒီလှိုဏ်ဂူကိုဆောက်ခဲ့တဲ့သူတွေက ဘေးနံရံတွေမပြိုကျအောင် သစ်နဲ့တစ်ထပ် အင်္ဂတေနဲ့တစ်ထပ်မံခဲ့တာပဲ၊ အတော်စိတ်ကူးဥာဏ်ကောင်းတဲ့သူတွေ”

အောင်မြတ်သာက ဂူနံရံကိုကြည့်ပြီး ဆောက်လုပ်ခဲ့တဲ့သူတွေကိုချီးကျူးကာ အထဲကိုဆက်ဝင်လာခဲ့တယ်။ ဂူဝကနေ အထဲကိုမိုင်ဝက်လောက်ရောက်တော့ နံရံတွေမှာ ချိတ်ထားတဲ့ မီးတုတ်နဲ့မီးစာလို့ယူဆရတဲ့ပစ္စည်းတွေတင်တဲ့ စင်တစ်ခုကိုမြင်လိုက်ရတယ်။

“ သူတို့က မီးတုတ်တစ်ကမ်းစာတိုင်းမှာ မီးတုတ်အပိုတွေ ထားထားတာပဲ”

သက်ခိုင်ရေရွတ်သံနဲ့အတူ အောင်မြတ်သာရဲ့အကြည့်တွေက ဂူကြမ်းပြင်ဆီကိုရောက်သွားခဲ့တယ်။

“ ဟိုမှာကြည့်စမ်း… အောက်ခြေကနေ တစ်ရွတ်တိုက်ဆွဲခေါ်သွားတဲ့စွတ်ကြောင်းမဟုတ်လား”

“ ဟုတ်တယ်ဆရာ စွတ်ကြောင်းက သုံးခုတောင်ဆိုတော့ ကိုရင်လေးတွေကိုဒီနေရာကနေဆွဲသွားတာဖြစ်မယ်”

“ အခုကစပြီး ပတ်ဝန်းကျင်ကို အာရုံစိုက် သတိထားပေတော့ … သူတို့တွေ ငါတို့အနားရောက်နေပြီ”

အောင်မြတ်သာစကားအဆုံးမှာ အရှေ့ကနေဖြတ်ပြေးသွားတဲ့ အရိပ်တစ်ခုကို ဆရာတပည့်သုံးယောက်လုံးမြင်လိုက်ရတယ်။

“ ဒီနေရာမှာ အခြားမမြင်နိုင်တဲ့အစောင့်တွေအများကြီးရှိသေးတယ်၊ မင်းတို့နှစ်ယောက်လုံး စည်းထဲဝင်ခဲ့ကြ”

အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရတို့ကို ပူးကပ်စေခဲ့ပြီး အကာအကွယ်အနေနဲ့ စည်းတစ်ခုကိုတားလိုက်တယ်။ အဲဒီအချိန် အနီရောင်အဝတ်ဝတ်ထားတဲ့ လူတစ်ယောက် ဂူရဲ့အကွေ့ကနေ လာချောင်းတာကိုမြင်လိုက်ရတယ်။

“ ဒီဂူထဲမှာနေကြတဲ့ အစောင့်အရှောက်များကို ဦးဆုံးအသိပေးချင်တာက ကျုပ်တို့ဟာ သင်တို့ကို ဒုက္ခပေးမယ့်သူတွေမဟုတ်ဘူးဆိုတာပဲ၊ ကျုပ်တို့အခုလာရောက်ရတာက သင်တို့ဖမ်းထားတဲ့ ကိုရင်သုံးပါးကို လာခေါ်ရခြင်းဖြစ်တယ်။ ဒီကိုရင်တွေကိုပြန်လွှတ်ပေးရင် သင်တို့အပေါ် မြူတစ်မှုန်စာပင်ထိခိုက်အောင်မလုပ်ဘူးလို့ ကျုပ်ကတိပေးတယ်။ ကျုပ်ရဲ့တောင်းဆိုချက်ကို သင်တို့မလိုက်နာဘူးဆိုရင်တော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုတိုင်တည်ပြီး အတင်းအကြပ်ထုတ်ခိုင်းရလိမ့်မယ်”

အောင်မြတ်သာရဲ့ ဩဇာပါတဲ့အသံက ဂူတစ်ခုလုံးဟိန်းထွက်သွားတဲ့နောက်မှာတော့ တစ်ကိုယ်လုံးမဲနက်နေတဲ့ လူရိပ်တစ်ခုက ဂူအတွင်းဘက်ကနေထွက်လာခဲ့တယ်။

“ ကျုပ်တို့လာတာ သင်နဲ့တွေ့ဖို့မဟုတ်တဲ့အတွက် ပြန်ထွက်သွားပါ” လို့ပြောတော့ ရပ်နေတဲ့သူဆီကနေ စူးရှတဲ့ရယ်သံနဲ့အတူ
“ ထွက်သွားစမ်း… ငါတို့ဂူထဲကထွက်သွား”ဆိုတဲ့အသံနက်ကြီးထွက်ပေါ်လာခဲ့တယ်။

ဒီတစ်ခါတော့ အောင်မြတ်သာ ဘာမှမပြောတော့ပဲ ညာဘက်လက်နဲ့ ပုတ်ထုတ်လိုက်ရာ ရပ်နေတဲ့အရိပ်မဲမဲကြီးက ငှက်တောင်တစ်ခုလို ဘေးကိုလွှင့်ထွက်သွားခဲ့တယ်။

“ ကျုပ်ခေါ်နေတာ ဂူကိုစောင့်တဲ့အကြီးအကဲ… ဒါကိုမခန့်လေးစားလုပ်ပြီး အခြားသူတွေကိုပဲလွှတ်မယ်ဆိုရင်တော့ ကျုပ်အဆိုးမဆိုပါနဲ့”

အောင်မြတ်သာရဲ့မာန်ဌာန်အပြည့်ပါတဲ့စကားသံအဆုံးမှာ အနီရောင်ဝတ်စုံကိုဝတ်ထားတဲ့လူတစ်ယောက် ကျောပေးတဲ့အနေအထားနဲ့ပေါ်လာခဲ့တယ်။

“ သင်ဘယ်သူလဲ…”

အောင်မြတ်သာမေးတာကို ကျောပေးထားတဲ့သူက ပြန်ဖြေလိုက်ပေမယ့် သူပြောတဲ့ဘာသာစကားကို အောင်မြတ်သာတို့သုံးယောက်လုံးနားမလည်တဲ့အတွက်

“ သင်ပြောတဲ့စကားကို ကျုပ်တို့နားမလည်တဲ့အတွက် ဒီဒေသစကားကိုသာပြောပါ… ဒါမှသင်နဲ့ကျုပ်တို့ကြား ညှိနှိုင်းလို့ရမယ်… အခုကျုပ်မေးတာဖြေပါ သင်က ဒီလှိုဏ်ဂူကိုစောင့်နေတဲ့သူလား”

“ အေး ဟုတ်တယ် ငါက ဒီလှိုဏ်ဂူကိုစောင့်တဲ့သူပဲ”

“ အဲလို ကျုပ်တို့နားလည်တဲ့စကားနဲ့ပြောပေးတဲ့အတွက် သင်ဖြစ်ချင်တာကိုညှိနှိုင်းလို့ရတာပေါ့… ကဲ ပြောစမ်း ဘာကြောင့်ကိုရင်ငယ်တွေကိုဖမ်းထားတာလဲ… “

“ ငါလိုချင်တဲ့ပစ္စည်းကိုယူပေးရင် ကိုရင်တွေကိုပြန်လွှတ်ပေးမယ်”

“ သင်လိုချင်တဲ့ပစ္စည်းက ဘာများလဲ… ပြောကြည့်ပါ”

“ ဒီရာမ္မာဝတီမြို့အစွန်မှာရှိတဲ့ နဂါးရုပ်ထုရဲ့အမြှီးပိုင်းမှာ ပတ္တမြားတစ်တင်းရှိနေတယ်။ အဲဒါကိုယူပေးနိုင်ရင် ကိုရင်တွေကိုလွှတ်ပေးမယ်”

“ ဒါဆိုရင် သင်တို့ဖမ်းထားတဲ့ ကိုရင်တွေအသက်ရှင်မရှင် ကျုပ်တို့ကြည့်ချင်သေးတယ်။ ကိုရင်တွေအသက်ရှင်တယ်ဆိုမှ သင်ပြောတာကိုစဉ်းစားပေးမယ်”

အောင်မြတ်သာစကားအဆုံးမှာ ဂူရဲ့အတွင်းဘက်ထောင့်တစ်နေရာမှာ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ ကိုရင်သုံးပါးက ဘွားကနဲပေါ်လာခဲ့တယ်။

“ သင်ပြောတဲ့ပတ္တမြားတစ်တင်းက ရှိလားမရှိလားဆိုတာကျုပ်တို့ကိုဘယ်လိုသက်သေပြပေးမှာလဲ”

“ နင်တို့ကိုစကားပြတ်ပြတ်ပြောမယ်.. ပတ္တမြားကိုယူလာနိုင်ရင် ကိုရင်တွေကိုလွှတ်ပေးမယ်.. မယူလာနိုင်ရင်တော့ ဒီကိုရင်တွေကိုသတ်ပစ်မှာ”

“ သင်အခုအချိန်ကစပြီး ကိုရင်တွေရဲ့အသက်ကိုသတ်ဖို့မပြောနဲ့ အသားကိုတောင် ထိလို့ရလားစမ်းကြည့်လေ”

အောင်မြတ်သာစကားအဆုံးမှာ ကျောပေးထားတဲ့လူက တသွေးသံတရဲရဲနဲ့ပျက်စီးနေတဲ့မျက်နှာနဲ့လှည့်ကြည့်ကာ

“ ဒီသကောင့်သားတွေကို ဂူထဲမှာထည့်ပိတ်ထားလိုက်စမ်း” ဆိုပြီးပြောလိုက်တော့ ဂူနံရံတွေထဲကနေ လက်တွေထွက်လာပြီး အောင်မြတ်သာတို့ကိုဆွဲပါလေရော။

ဒါပေမယ့် ထွက်လာတဲ့လက်တွေက စည်းချထားတဲ့အနားလဲရောက်ရော မီးနဲ့တို့ခံထိတဲ့ စက္ကူတွေလို အခိုးငွေ့တွေထွက်ပြီး ဂူနံရံတွေထဲပြန်ဝင်သွားခဲ့တယ်။

အောင်မြတ်သာတို့ကို လွယ်လွယ်နဲ့ဖမ်းမရဘူးဆိုတာသိသွားတဲ့အတွက် ဂူအတွင်းပိုင်းကိုထွက်ပြေးဖို့ကြိုးစားပေမယ့် ခြေထောက်တွေက လှုပ်မရဖြစ်လို့ကြည့်လိုက်တော့ အင်းစမကွက်တွေပါတဲ့နဖူးစည်း စည်းထားတဲ့ ပုဂ္ဂိုလ်တွေက ခြေထောက်နှစ်ဖက်ကို အပ်ချည်ကြိုးနဲ့ချုပ်နှောင်ထားတာမြင်လိုက်ရတယ်။

သေးမျှင်တဲ့အပ်ချည်ကြိုးနဲ့ချည်ထားပေမယ့် ခြေထောက်ကကျောက်ရုပ်တစ်ခုလို လှုပ်မရဖြစ်နေတာမြင်တော့ ကြောက်လန့်ပြီး ငယ်သားတွေကိုအကူအညီတောင်းပေမယ့် ဘယ်သူမှအနားကိုရောက်မလာခဲ့ကြဘူး။

အောင်မြတ်သာရဲ့ စိတ်အာဏာစက်အောက်မှာတော့ လှိုဏ်ဂူထဲမှာနှစ်ကာလများစွာဗိုလ်ကျစိုးမိုးလာတဲ့ နတ်ပြိတ္တာတစ်ယောက် ကျရှုံးခဲ့ရတယ်။ အဲဒီအချိန် အိပ်ပျော်နေတဲ့ ကိုရင်သုံးပါးပြန်နိုးလာပြီး အောင်မြတ်သာတို့ရှိနေတဲ့ စည်းထဲကို ကြောက်လန့်တကြားပြေးဝင်လာခဲ့တယ်။ဒီလိုဖြစ်အောင်လဲ ချုပ်နှောင်ခံထားရတဲ့ နတ်ပြိတ္တာက ကိုရင်တွေကို တမင်လွှတ်ပေးလိုက်တာဖြစ်တယ်။

ဒီတစ်ခါမှာတော့ စည်းပေါက်ပီအထင်နဲ့ လှိုဏ်ဂူထဲမှာခိုအောင်းနေကြတဲ့ နာနာဘာဝတွေအားလုံး အောင်မြတ်သာတို့ရှိရာကို ညာသံပေးဝင်ရောက်ပူးကပ်ဖို့ကြိုးစားခဲ့ပေမယ့် အနားမရောက်ခင်မှာပဲ မမြင်နိုင်တဲ့တွန်းကန်အားတစ်ခုကြောင့် အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။

သက်ခိုင်တို့လဲ စည်းထဲဝင်လာတဲ့ ကိုရင်ငယ်လေးတွေကို ဆွဲထူလိုက်ပေမယ့် နှစ်ရက်လောက်ဆွမ်းမဘုန်းရသေးတဲ့အတွက် အားအင်ချိနဲ့ကာ ယိုင်တိယိုင်တိုင်ဖြစ်နေခဲ့တယ်။ အောင်မြတ်သာလဲ ကိုရင်တွေပြန်တွေ့ပြီမို့ အစီအရင်တွေကိုမဖျက်ပဲ ဂူပေါက်ဝရောက်အောင်ပြန်ဆုတ်လာခဲ့ကြတယ်။ ဂူပေါက်ရဲ့အပြင်ကိုရောက်တော့မှ ချုပ်နှောင်ထားတဲ့အစီအရင်တွေကို နှုတ်မိန့်နဲ့ပယ်ဖျက်လိုက်ရာ ဂူထဲကနေ မကျေမချမ်းနဲ့ အော်ဟစ်သံတွေအပြင် နားမလည်တဲ့ဘာသာစကားနဲ့ အော်နေတဲ့အသံတွေကိုပါကြားလိုက်ရတယ်။

အောင်မြတ်သာတို့ဂူပြင်ကိုရောက်တော့ သက်ခိုင်က
“ ဆရာ အထဲက နတ်ပြိတ္တာကို ဘယ်လိုလုပ်မလဲ၊ ဒီတိုင်းလွှတ်ထားလို့မဖြစ်ဘူးထင်တယ်နော်”

“ မဟုတ်ဘူးသက်ခိုင် … သူက ဂူထဲကိုသာ အပိုင်စားရထားတဲ့အတွက် အပြင်ကလူတွေကို သူ့အနေနဲ့ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ကိုရင်တွေကို ပြန်ပို့ပေးပြီးတာနဲ့ ဂူပေါက်ကို ဘယ်သူမှမဝင်နိုင်အောင် ပိတ်ပစ်ရလိမ့်မယ်”

“ ကျွန်တော်သဘောပေါက်ပါပြီ… ဆရာ… သက်ခိုင် ကိုရင်တွေကိုထမ်းပြီး ကျောင်းကိုလိုက်ပို့ကြရအောင်”

သက်ခိုင်နဲ့တောက်ရလဲ ကိုရင်သုံးပါးကို ချီပိုးပြီး သီတင်းသုံးတဲ့ကျောင်းကိုလိုက်ပို့ပေးခဲ့တယ်။ ကျောင်းပြန်ရောက်တော့ ဆရာတော်ထံဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တော့ ချက်ချင်းဆိုသလို ကျောင်းရှိသံဃာတွေစုပြီး ဂူဝင်ပေါက်ကို ကျောက်တုံးကျောက်ခဲတွေနဲ့အသေပိတ်ကာ အပြင်ကနေ အင်္ဂတေမံခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး တဝဂူရဲ့အထဲကို ဘယ်သူမှမဝင်ရဲကြတော့တာ ယနေ့အချိန်ထိပဲဖြစ်ပါတယ်။

အောင်မြတ်သာလဲ ဘုန်းကြီးကျောင်းကထွက်လာပြီးတော့ နဂါးအမောက်လိုဖြစ်နေတဲ့ကုန်းပေါ်ကစေတီကိုစောင့်ရှောက်တဲ့မယ်တော်နဲ့ ကျိုက်သလ္လံဘုရားရင်ပြင်စောင့်အဖိုးတို့ကိုနှုတ်ဆက်ကာ တောင်ဘက်အရပ်ကိုခရီးဆက်ခဲ့ကြတယ်။

အခုလာမယ့် ခရီးစဉ်မှာတော့ မွန်ပြည်နယ်ရဲ့အထင်ကရဖြစ်ခဲ့တဲ့ ဆရာတော်အလောင်းအလျာတစ်ပါးနဲ့တွေ့ဆုံခဲ့ဖြစ်ခဲ့ပုံတွေအပြင် မနက်အရုဏ်တက်ချိန် စျေးရောင်းစျေးဝယ်လုပ်ကြတဲ့ ပြည်သူတွေကို ခြောက်လှန့်စားသောက်နေတဲ့ နှစ်ချို့သဘက်ကြီးတစ်ကောင်ကို ဆုံးမတဲ့အကြောင်းပရာတွေကိုဖတ်ရှုရမှာဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ အောင်မြတ်သာနှင့် နားရွက်ခြုံသဘက်ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

Zawgyi Version

” ေအာင္ျမတ္သာႏွင့္တဝဂူေစာင့္နတ္ၿပိတၱာ ”(စ/ဆုံး)
———————————————————————-

ကြၽန္းလုံးႀကီးေတြနဲ႔ခန္႔ညားထည္ဝါစြာတည္ေဆာက္ထားတဲ့ စံအိမ္တစ္လုံးအတြင္းမွေတာ့ ပိုးသားပဝါကိုက်နစြာေပါင္းထားၿပီး ေရလႈိင္းပုံစံပါတဲ့ဇင္းမယ္ခ်ိတ္လုံခ်ည္ကို ေသသပ္စြာဝတ္ဆင္ထားတဲ့ လူတစ္ေယာက္က ေကာ့တက္ေနတဲ့ ႏႈတ္ခမ္းေမႊးေတြကို လက္နဲ႔သပ္ရင္း

“ မၾကာခင္ ငါတို႔လူမ်ိဳးေတြ စစ္ရႈံးႏိုင္မယ့္အလားအလာ ျမင္ေနရတယ္။ ဒါေၾကာင့္ ငါတို႔ပိုင္တဲ့ပစၥည္းေတြကို အယုဒၶယကိုျပန္သယ္ဖို႔လိုၿပီထင္တယ္” လို႔ေျပာေတာ့ သလြန္ေျခရင္းမွာ ခႏၶာကိုယ္ေတာင့္ေတာင့္ ရင္အုပ္ကားကားနဲ႔ လူတစ္ေယာက္က

“ သူေဌးႀကီးပိုင္ဆိုင္တဲ့ပစၥည္းေတြက မ်ားလြန္းတဲ့အတြက္ ၿမိဳ႕ေတာ္ကို လူနဲ႔တစ္ပါတည္းယူေဆာင္သြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ ယူဆမိပါတယ္။ ဒါေၾကာင့္ အခ်ိဳ႕ယူသင့္တာကိုယူေဆာင္ၿပီး အခ်ိဳ႕တစ္ဝက္ကို ရာမၼာဝတီၿမိဳ႕(ယခုအေခၚ ေမာ္လၿမိဳင္ၿမိဳ႕)ထဲမွာ တိတ္တဆိတ္ထားသိုႏိုင္ရင္ ပိုေကာင္းမယ္လို႔အႀကံျပဳတင္ျပအပ္ပါတယ္”

“ အိမ္း ငယ္ကြၽန္ရင္းေျပာတဲ့စကားေတြက သင့္တင့္ေလ်ာက္ပတ္ေပတယ္။ မနက္ျဖန္ကစၿပီး ၿမိဳ႕ေတာ္ကိုျပန္လို႔ရမယ့္ လမ္းကို တိုးတိုးတိတ္တိတ္ေဖာက္လုပ္ၾကေစ။ လိုအပ္တဲ့လူအင္အားကိုလဲ ေငြအလုံးအရင္းသုံးၿပီးေခၚေဆာင္ေစ။ ဒီကိစၥကို ငယ္ကြၽန္ရင္းျဗရာဇ္က ဦးေဆာင္ေပးပါ”

“ စိတ္ခ်ပါ သူေဌးမင္း ကြၽန္ေတာ္မ်ိဳး အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ေပးပါမယ္”

ရွမ္းသူေဌးႀကီး ခ်ဴလာဆိုတာက လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာထဲက ရမၼာဝတီၿမိဳ႕ကို ရွမ္းေတြတိုက္ခိုက္သိမ္းပိုက္တဲ့အခ်ိန္မွာ အယုဒၶယကေန ရမၼာဝတီၿမိဳ႕ကိုပါလာတဲ့သူျဖစ္တယ္။ ခ်ဴလာဆိုတဲ့လူငယ္က သြက္လက္ခ်က္ခ်ာတဲ့အျပင္ လူတိုင္းနဲ႔လည္း ပနံသင့္ေအာင္ ေပါင္းသင္းႏိုင္တဲ့အတြက္ ရမၼာဝတီၿမိဳ႕ကို မြန္ေတြျပန္သိမ္းႏိုင္ခဲ့တဲ့အခ်ိန္မွာေတာ့ သူ႔ကိုယ္သူ မြန္လူမ်ိဳးတစ္ေယာက္အျဖစ္ဟန္ေဆာင္ကာ စီးပြါးေရးကိုတစ္စိုက္မတ္မတ္လုပ္ေဆာင္ခဲ့ရာကေန အခုဆို ရမၼာဝတီၿမိဳ႕ရဲ႕အထင္ကရသူေဌးႀကီးခ်ဴလာအျဖစ္ကိုေရာက္ရွိလာခဲ့တယ္။ သူကေတာ့ အျပင္ပန္းမွာသာ မြန္လူမ်ိဳးအျဖစ္ေနထိုင္ခဲ့ေပမယ့္ မူရင္းစိတ္ထဲမွာေတာ့ သူဟာ ရွမ္းလူမ်ိဳး အခ်ိန္ရင္ အယုဒၶယကိုျပန္မယ္ဆိုတဲ့စိတ္ကူးက အၿမဲတမ္းရွိခဲ့တယ္။ ဒါေၾကာင့္ သူ႔အိမ္မွာ အလုပ္လုပ္တဲ့သူေတြကိုလဲ အယုဒၶယကေန နည္းလမ္းမ်ိဳးစုံနဲ႔ေခၚေဆာင္ထားခဲ့တယ္။

အခုလဲ မၾကာခင္ မြန္လူမ်ိဳးတို႔နဲ႔ ရွမ္းလူမ်ိဳးတို႔ တိုက္ပြဲျဖစ္ႏိုင္တာကိုရိပ္စားမိတဲ့ ခ်ဴလာက သူပိုင္တဲ့ပစၥည္းေတြကိုအယုဒၶယကို ေဘးကင္းကင္းနဲ႔သယ္ႏိုင္ဖို႔အတြက္ ႀကီးမားတဲ့အႀကံအစည္တစ္ခုကို စတင္ခဲ့ပါေတာ့တယ္။

++++++

သာသနာႏွစ္(၂၃၆)ခုႏွစ္မွာေတာ့ မြန္လူမ်ိဳးေတြေနထိုင္တဲ့ ရမၼာဝတီၿမိဳ႕ကို ရွမ္းစစ္သည္တို႔လာေရာက္က်ဴးေက်ာ္တိုက္ခိုက္ခဲ့တယ္။ ရမၼာဝတီၿမိဳ႕အတြင္းမွာရွိတဲ့ မြန္လူမ်ိဳးအခ်ိဳ႕ကေတာ့ ရွိသမွ်ပစၥည္းေတြကို ထုပ္ပိုးကာ ေဘးလြတ္ရာလြတ္ကင္းေအာင္ ေျပးလႊားေနခဲ့ၾကတယ္။ ႏွစ္ဖက္လုံးကလဲ အႏိုင္မခံအရႈံးမေပးပဲ တိုက္ခိုက္လာရာကေန အထိအခိုက္အေသအဆုံးေတြမ်ားလာတဲ့အတြက္ ႏွစ္ဖက္တပ္မႉးေတြအေနနဲ႔ လူအထိခိုက္ေသဆုံးမႈနည္းေအာင္ဗုဒၶဘာသာအယူအဆနဲ႔ကိုက္ညီတဲ့ ၿပိဳင္ပြဲတစ္ခုကို ျပဳလုပ္ဖို႔ ေတြ႕ဆုံညႇိႏႈိင္းခဲ့ရာ တစ္ေန႔ထဲဘုရားတစ္ဆူအျမန္ဆုံးတည္ႏိုင္မယ့္သူအေနနဲ႔ မိမိတို႔သိမ္းယူထားတဲ့ ေဒသကေန ျပန္လည္ဆုတ္ခြါဖို႔နဲ႔ ေနာက္ေနာင္ဘယ္ေသာအခါမွ က်ဴးေက်ာ္မႈမျပဳလုပ္ဖို႔ဆိုတဲ့ကတိကဝတ္ကိုခံယူခဲ့ၾကတယ္။

ဒီလိုနဲ႔ မြန္လူမ်ိဳးေတြက ရမၼာဝတီၿမိဳ႕ရဲ႕ သံလင္ေတာင္စြယ္တစ္ခုေပၚမွာေစတီတစ္ဆူကိုတည္ခဲ့ၿပီး ရွမ္းလူမ်ိဳးေတြက သူတို႔အထိုင္ခ်ရာေဒသရဲ႕ ေတာင္ကုန္းေပၚမွာ ေစတီတစ္ဆူကိုတည္ခဲ့ၾကတယ္။

မြန္လူမ်ိဳးေတြက ျဖတ္ထိုးဥာဏ္အားကိုသုံးၿပီး ေစတီကို ဝါးမ်ားျဖင့္တည္ၿပီး ထုံးသကၤန္းကပ္လိုက္တာေၾကာင့္ အုတ္ေတြနဲ႔တည္ေနတဲ့ ရွမ္းလူမ်ိဳးအေနနဲ႔ အရႈံးေပးရကာ မိမိတို႔အရပ္ေဒသကိုျပန္လည္ဆုတ္ခြါခဲ့ရတယ္။ မြန္ေတြတည္ခဲ့တဲ့ေစတီကို မြန္လို “က်ာ္ေသမ္လီု “..က်ာ္ရဲ႕အဓိပၸါယ္က ဘုရား၊ ေသမ္ ရဲ႕အဓိပၸါယ္က ရွမ္း၊ လီု ရဲ႕အဓိပၸါယ္က ထြက္ေျပးျခင္းျဖစ္တဲ့အတြက္ ျမန္မာလိုေျပာရရင္ ရွမ္းလူမ်ိဳးမ်ားထြက္ေျပးေသာဘုရားလို႔ အဓိပၸါယ္သက္ေရာက္ေစခဲ့တယ္။ ရွမ္းေတြလန္ၿပီးထြက္ေျပးတဲ့ဘုရားျဖစ္တဲ့အတြက္ က်ိဳက္ရွမ္းလန္လို႔ေခၚဆိုရာကေန ႏွစ္ကဋလၾကာေညာင္းလာတာနဲ႔အမွ် က်ိဳက္သလႅံေစတီလို႔ေခၚတြင္လာခဲ့ၾကတယ္။
+++++

သူေဌးႀကီးခ်ဴလာကေတာ့ ရွမ္းေတြစစ္ရႈံးတာနဲ႔ ရာမၼာဝတီၿမိဳ႕ထဲကေန ပစၥည္းဥစၥာမ်ားနဲ႔အတူေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့တယ္။ ဒီလိုနဲ႔ ငါးႏွစ္ေလာက္ၾကာေတာ့ ရမၼာဝတီၿမိဳ႕ထဲကို ဥပဓိ႐ုပ္အလြန္ေကာင္းတဲ့ ရေသ့တစ္ပါး ေရာက္ရွိလာခဲ့တယ္။ ဘာသာေရးကို အေလးထားၾကတဲ့ မြန္လူမ်ိဳးေတြျဖစ္တဲ့ ရမၼာဝတီၿမိဳ႕သူၿမိဳ႕သားေတြကေတာ့ တည္ၿငိမ္ၿပီးေအးခ်မ္းတဲ့႐ုပ္သြင္ရွိတဲ့ ရေသ့ကို လႉဖြယ္ဝတၱဳေတြလႉဒါန္းခဲ့ၾကတယ္။

ဒီလိုနဲ႔ တစ္ေန႔မွာေတာ့ ရမၼာဝတီၿမိဳ႕ထဲမွာရွိတဲ့ ဘုရားမုဒ္ဦးေစာင့္ျခေသၤ့႐ုပ္ထုေတြ ဗိုက္ေဖာက္ခံရတဲ့ျဖစ္ရပ္တစ္ခုေပၚေပါက္လာခဲ့တယ္။ ဘုရားေစတီေတြရဲ႕ဌာပနာေဖာက္ခံရတာမဟုတ္ပဲ ျခေသၤ့႐ုပ္ထုေတြရဲ႕ ဝမ္းဗိုက္ကိုသာေဖာက္သြားတာျဖစ္လို႔ ၿမိဳ႕ေစာင့္တပ္မႉးေတြအေနနဲ႔ ေခါင္းရႈပ္မခံေတာ့ပဲ ေပါက္သြားတဲ့ဝမ္းဗိုက္ေနရာေတြကို ျပန္ပိတ္ေပးခဲ့တယ္။ ထူးဆန္းတာကမုဒ္ဦးေစာင့္ျခေသၤ့႐ုပ္ထုေတြကိစၥျဖစ္တဲ့အခ်ိန္ကစၿပီး ေန႔တိုင္းဆြမ္းခံႂကြေနတဲ့ရေသ့ပါ ေပ်ာက္သြားခဲ့တယ္။
++++++++

စြဲစြဲငင္ငင္ထြက္ေပၚလာတဲ့ ႏွဲသံအျပင္ ဆိုင္းသံဗုံသံေတြနဲ႔ဆူညံေနတဲ့ ၿခံဝင္းအတြင္းမွာေတာ့ ဇင္းမယ္ခ်ိတ္လုံခ်ည္နဲ႔ ပိုးသားအက်ႌကိုဝတ္ဆင္ထားတဲ့ သူေဌးတစ္ဦးက ဟက္ဟက္ပက္ပက္ရယ္ေမာရင္း ကေခ်သည္ေတြကို ဆုလာဘ္ေတြခ်ီးျမႇင့္ေနခဲ့တယ္။ သူ႔ေဘးမွာေတာ့ ဆံရိတ္ထားတာမၾကာေသးတဲ့ဆံပင္ပုံစံနဲ႔ လူတစ္ေယာက္က အရက္ခြက္ကိုကိုင္ကာ စည္းခ်က္ညီစြာကေနတဲ့ မိန္းကေလးေတြကို စူးစိုက္ၾကည့္ေနခဲ့တယ္။

“ ငယ္ကြၽန္ႀကီး … သင္ရဲ႕႐ိုးသားတဲ့စိတ္ရင္း၊ ထူးခြၽန္စြာႀကိဳးပမ္းမႈေတြေၾကာင့္ ရမၼာဝတီၿမိဳ႕တြင္းမွာက်န္ခဲ့တဲ့ ပစၥည္းဥစၥာေတြျပန္ရခဲ့တာမဟုတ္လား…ဒါေၾကာင့္ သင္ျပန္ေရာက္တဲ့အထိမ္းအမွတ္အေနနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲလုပ္ေပးတာကို ဘာေၾကာင့္မႈိင္ေတြေနရသလဲ”

“ မႈိင္ေတြေနတာမဟုတ္ပါဘူး သူေဌး… ကြၽန္ေတာ္မ်ိဳးတို႔ ေဖာက္ခဲ့တဲ့လႈိဏ္ေခါင္းက ရမၼာဝတီၿမိဳ႕ကေန အယုဒၶယပိုင္နက္နယ္ေျမအထိ လမ္းေပါက္တာကို ရန္သူေတြသိသြားမွာစိတ္ပူေနမိတာပါ”

ျဗရာဇ္စကားေၾကာင့္ သူေဌးႀကီးက ခနဲ႔တဲ့တဲ့ၿပဳံးလိုက္ၿပီး
“ အသင္ အခုရက္ပိုင္း အနားယူၿပီးရင္ ရမၼာဝတီၿမိဳ႕ကို တစ္ေခါက္ထပ္သြားရလိမ့္မယ္”

“ ဗ်ာ … ဘယ္လိုအေၾကာင္းမ်ိဳးေၾကာင့္ ထပ္သြားရမွာလဲ..”

“ အသင္အေနနဲ႔ အခုယူေဆာင္လာတဲ့ ပစၥည္းေတြေလာက္ပဲ ရမၼာဝတီၿမိဳ႕ထဲမွာရွိတယ္ထင္ေနတာလား”

သူေဌးႀကီးစကားေၾကာင့္ အရက္မူးတဲ့ဒဏ္ေၾကာင့္ ရီေဝေဝျဖစ္တဲ့ ျဗရာဇ္ရဲ႕မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး

“ ဒါဆို ရတနာေတြက ၿမိဳ႕ထဲမွာရွိေသးတာလား”

“ ေအး ဟုတ္တယ္ … သင္တို႔အခုယူလာတဲ့ပစၥည္းေတြအျပင္ အျခားရတနာေတြထပ္ရွိေသးတယ္၊ ဒီတစ္ခါေတာ့ အသင္တစ္ေယာက္ထဲ ၿမိဳ႕ကိုေဖာက္ဝင္ရမွာမို႔ က်ဳပ္အနည္းငယ္စိတ္ပူမိတယ္”

“ စိတ္မပူပါနဲ႔ သူေဌး… က်ဳပ္ရဲ႕အသက္က သူေဌးအတြက္ေပးဆပ္ထားတာမို႔ အသက္ယဲ့ယဲ့က်န္တာေတာင္ တာဝန္ကိုၿပီးဆုံးေအာင္လုပ္ေပးပါမယ္”

ကြၽန္ေတာ္ရင္းျဗရာဇ္စကားအဆုံးမွာ သူေဌးႀကီးခ်ဴလာဆီကေန က်ယ္ေလာင္စြာရယ္ေမာတဲ့အသံတစ္ခုထြက္ေပၚလာခဲ့တယ္။
+++++++

“ဂ်ိမ္း”

ဂူတံခါးကိုပိတ္ခ်လိုက္တဲ့အသံေၾကာင့္ လႈိဏ္ဂူအတြင္းပိုင္းတစ္ခုလုံးမဲေမွာင္ပိတ္ဖုံးသြားခဲ့တယ္။ ျဗရာဇ္လဲ အသင့္ပါလာတဲ့ မီးတုတ္ကို မီးညႇိကာ လြယ္အိတ္ထဲပါလာတဲ့ ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ စားေသာက္စရာေတြကိုမျပဳတ္က်ေအာင္ ေသခ်ာခ်ည္ေႏွာင္ၿပီး လေပါင္းမ်ားစြာသြားရမယ့္ခရီးကို တစ္ဦးထဲစတင္ခဲ့တယ္။

“ ရမၼာဝတီၿမိဳ႕အစြန္မွာရွိတဲ့ နဂါး႐ုပ္ထုအျမႇီးပိုင္းမွာ ျပည္တန္ပတၱျမားတစ္တင္းျမဳပ္ထားတယ္ဆိုပါလား… ဒီရတနာေတြကို ယူဖို႔ဆိုရင္ ရေသ့ေယာင္ေဆာင္လို႔ေတာ့ မျဖစ္ေတာ့ဘူး တစ္ျခားနည္းသုံးမွျဖစ္မယ္”

ျဗရာဇ္က တစ္ေယာက္ထဲေရ႐ြတ္ရင္း ခရီးဆက္လာခဲ့တာ လႈိဏ္ဂူတစ္ေနရာေရာက္ေတာ့ ငလ်င္ဒဏ္ေၾကာင့္ၿပိဳက်ေနတဲ့အတြင္းနံရံထဲကေန လူအ႐ိုးစုအခ်ိဳ႕ထြက္က်ေနတာကိုျမင္လိုက္ရတယ္။

“ ဒီအ႐ိုးစုေတြက လႈိဏ္ဂူေဖာက္ေပးတဲ့သူေတြရဲ႕ အ႐ိုးစုေတြပဲျဖစ္ရမယ္၊ သူေဌးက အလုပ္သမားေတြအားလုံးကို ႏႈတ္ပိတ္ၿပီး ဂူထဲမွာပဲျမဳပ္ခိုင္းခဲ့တယ္လို႔ေတာ့ ၾကားဖူးတယ္။ ငါ့ကိုေရာ သူႏႈတ္ပိတ္ႏိုင္မလား…. အို မျဖစ္ႏိုင္ပါဘူး ငါက သူ႔အတြက္ရတနာေတြယူေပးတဲ့သူပဲ ဒီေလာက္ေတာ့မလုပ္ႏိုင္ပါဘူး”

တစ္ေယာက္ထဲ အေတြးမ်ားရင္း ေလ်ာက္လာတဲ့အခ်ိန္ ဝင္လာတဲ့ဂူေပါက္ေနရာကေန က်ယ္ေလာင္တဲ့ေပါက္ကြဲသံတစ္ခုကိုၾကားလိုက္ရတယ္။

“ ဝုန္း …..ေဝါ ဝေရာ ဝေရာ”

ျပင္းထန္တဲ့ေပါက္ကြဲသံနဲ႔အတူ ျဗရာဇ္ရပ္ေနတဲ့ လႈိဏ္ဂူအတြင္းနံရံေတြတစ္ဝုန္းဝုန္းနဲ႔ၿပိဳက်လာခဲ့တယ္။ ေအးစက္စက္မာေက်ာေက်ာ ေျမသားေတြနဲ႔ပိၿပီးလႈပ္မရျဖစ္ေနတဲ့ျဗရာဇ္ရဲ႕ ခႏၶာကိုယ္မွာေတာ့ ေသြးအလိမ္းလိမ္းျဖစ္ေနခဲ့ၿပီး ေျခေထာက္တစ္ဖက္ကလဲ ေျမသားေတြပိတဲ့ဒဏ္ေၾကာင့္ လုံးဝလႈပ္မရေတာ့ေပ။ အဲဒီအခ်ိန္ အတုံးလိုက္ၿပိဳက်လာတဲ့ ေျမသားအခ်ိဳ႕က ျဗရာဇ္ရဲ႕ ဦးေခါင္းေပၚသို႔က်လာကာ လႈိဏ္ေခါင္းရဲ႕အစြန္ဆုံးေနရာတစ္ခုလုံး ေျမသားေတြနဲ႔ပိတ္သြားခဲ့တယ္။ အဲဒီထဲမွာေတာ့ ျဗရာဇ္ရဲ႕ အသက္မဲ့ေနတဲ့ခႏၶာကိုယ္က မလႈပ္မယွက္။
++++++++++

ဆီမီးေရာင္မွိန္ျပျပလင္းေနတဲ့ ဧည့္ခန္းေဆာင္အတြင္းမွာေတာ့ သူေဌးႀကီးခ်ဴလာက ေ႐ႊခြက္အတြင္းမွာရွိတဲ့ ေသရည္ကို ႏႈတ္ခမ္းစြတ္႐ုံေမာ့လိုက္ၿပီး

“ ငါခိုင္းတဲ့ကိစၥ အားလုံးအဆင္ေျပေခ်ာေမြ႕ရဲ႕လား”

“ သူေဌးႀကီးရဲ႕အေမွ်ာ္အျမင္ေၾကာင့္ အားလုံးအဆင္ေျပပါတယ္၊ အခုဆို ရမၼာဝတီၿမိဳ႕ကေန အယုဒၶယနယ္စပ္အထိေပါက္ေရာက္တဲ့ လႈိဏ္ဂူအေၾကာင္းကို ကြၽန္ေတာ္မ်ိဳးကလြဲၿပီး ဘယ္သူမွမသိေတာ့ပါဘူး”

“ အိမ္း ဒါျဖင့္လဲ ငါတို႔ဘက္မွာရွိတဲ့ ဂူေပါက္ကိုဘယ္သူမွမျမင္ႏိုင္ေအာင္ ပိတ္ဆို႔လိုက္ၾက၊ ေနာက္ ငါးလေလာက္ၾကာရင္ ျဗရာဇ္ရဲ႕ ေဆြမ်ိဳးေတြကို ေငြစအနည္းငယ္ေပးၿပီး ႏွစ္သိမ့္ေပးလိုက္”

သူေဌးႀကီးက စကားအဆုံးမွာ ဘ႑ာထိန္းျဖစ္သူက သိရွိေၾကာင္းေျပာကာ ဧည့္ခန္းေဆာင္ကေနျပန္ထြက္သြားခဲ့တယ္။

ဒီကိစၥေတြျဖစ္ၿပီး ႏွစ္ေပါင္းေျမာက္မ်ားစြာၾကာလာတဲ့အခါ ရာမၼာဝတီၿမိဳ႕ဆိုတဲ့နာမည္ကေန ေမာ္လၿမိဳင္ၿမိဳ႕လို႔ နာမည္တြင္လာခဲ့ၿပီး လႈိဏ္ဂူအေၾကာင္းကလဲ ငုပ္လွ်ိဳးေပ်ာက္ကြယ္သြားခဲ့တယ္။
+++++++
“ ဩကာသ ဩကာသ ဩကာသ….” အစခ်ီၿပီး ႐ြတ္ဆိုလိုက္တဲ့ အသံေၾကာင့္ အိပ္တန္းတက္ဖို႔ ျပင္ေနၾကတဲ့ ေက်းဌက္အခ်ိဳ႕ လန္႔ၿပီးထပ်ံသြားခဲ့တယ္။

“ ကိုရင္ကုသလ၊ကိုရင္ေဝပုလႅနဲ႔ ကိုရင္သုစိတၱတို႔သုံးပါးမေတြ႕ပါလား… “

ကိုႏွစ္ပင္ပူးက်စ္ထားတဲ့ ထားဝယ္ႀကိမ္လုံးကို ကိုင္ၿပီးေမးလိုက္တဲ့ စာခ်ဆရာေတာ္စကားေၾကာင့္ ဘုရားဝတ္တက္ဖို႔ လာတဲ့ ကိိုရင္ႀကီးသုမနက

“ သူတို႔သုံးပါးကို ညေနထဲကမေတြ႕မိတာဘုရား… တပည့္ေတာ္အထင္ ေက်ာင္းအေနာက္ဘက္က လွ်ိဳထဲသြားၿပီး အေကာင္ငယ္ေတြသြားဖမ္းျပန္ၿပီထင္ပါတယ္ဘုရား”

“ ဒီကိုရင္ေတြနဲ႔ေတာ့ခက္ပါဘိ ျပန္လာရင္ ေၾကာေကာ့ေအာင္ ႐ိုက္ေပးရမယ္… ကဲကဲ အားလုံး ဘုရားဝတ္တက္ၾကေတာ့”

စာခ်ဆရာေတာ္က ကိုရင္သုံးပါးကို စိတ္မခ်ဟန္နဲ႔ ေက်ာင္းေပါက္ဝကိုၾကည့္လိုက္ ဝတ္ျပဳေနၾကတဲ့ကိုရင္ငယ္ေလးေတြကိုၾကည့္လိုက္ျဖစ္ေနခဲ့တယ္။

+++++++++

“ကုသလ .. မၾကာခင္ေနဝင္ေတာ့မွာဆိုေတာ့ ျပန္ၾကရေအာင္”

“ ခဏေလးပါကြာ ခုနကေတြ႕တဲ့ ယုန္က ဒီၿခဳံနားတင္ေပ်ာက္သြားတာ.. “

ေဝပုလႅက ဖ႐ိုဖရဲျဖစ္ေနတဲ့ သကၤန္းစကို ပခုံးေပၚဆြဲတင္လိုက္ၿပီး ၿခဳံေတြၾကားထဲကိုတိုးဝင္သြားခဲ့တယ္။

“ ကုသလ … ကုသလ”

ေလသံတိုးတိုးနဲ႔ေခၚလိုက္တဲ့အသံေၾကာင့္ ကိုရင္ကုသလႅနဲ႔ ကိုရင္သုစိတၱကမ်က္ခုံးပင့္ၿပီး
“ ဘာလဲဟ”

“ ဟိုမွာ ယုန္ျဖဴျဖဴေလးေတြ႕ပီကြ.. မင္းက ဘယ္ဘက္ကေနဝိုက္… ငါကညာဘက္ကေနဝိုက္ၿပီးဖမ္းမယ္။ သုစိတၱက လြတ္တဲ့အေပါက္ကိုၾကည့္ထား…လက္ကၿမဲပေစ့ေနာ္”

ကိုရင္ေဝပုလႅက သူ႔ဘာသာသူအကြက္ခ်ၿပီး ယုန္ကိုဖမ္းဖို႔ဟန္ျပင္လိုက္တယ္။ ကိုရင္သုံးပါး ဘယ္ညာႏွစ္ဖက္ဝိုက္ၿပီးတက္လာတဲ့အခ်ိန္ အကင္းပါးတဲ့ယုန္က မလွမ္းမကမ္းမွာရွိတဲ့ၿခဳံထဲဝင္ေျပးပါေလေရာ။

ဒီတစ္ခါမွာေတာ့ ေဝပုလႅက ေျပးဝင္သြားတဲ့ၿခဳံေတြကို လက္နဲ႔ဆြဲဖယ္လိုက္ရာ လူတစ္ကိုယ္ဝင္လို႔ရတဲ့ ဂူေပါက္တစ္ခုကိုျမင္လိုက္ရတယ္။

“ ဒီမွာ ဂူေပါက္ႀကီးဟ လညၾကည့္စမ္း”

“ ေဟ ဟုတ္လား “

“ ေအးကြ ယုန္ကဒီထဲဝင္သြားတာျဖစ္မယ္ “

“ မင္းကလိုက္ဝင္မလို႔လား”

“ နည္းနည္းဝင္ၾကည့္လိုက္မယ္ေလ … လာပါ မင္းကလဲေၾကာက္တတ္ရန္ေကာ”

ေဝပုလႅစကားအဆုံးမွာ ကုသလနဲ႔သုစိတၱကလက္ကိုဆြဲၿပီး ဂူထဲကိုဝင္သြားခဲ့တယ္။

“ ေဝပုလႅ … ငါေၾကာက္လာပီကြာ အထဲမွာက ေမွာင္မဲၿပီးေအးစိမ့္ေနတာပဲ”

“ ေအးပါကြ ငါလဲ အထဲထိမဝင္ပါဘူး.. ဒီေနရာမွာ ဂူတစ္ဂူရွိတာ ဘယ္သူမွမသိဘူးထင္တယ္ေနာ္”

ေဝပုလႅက ဂူအတြင္းနံရံေတြကိုလက္နဲ႔စမ္းၿပီးေျပာလိုက္တဲ့ အခ်ိန္ နီရဲေနတဲ့မ်က္လုံးႏွစ္လုံးက ဂူအတြင္းပိုင္းထဲကေနေပၚလာခဲ့တယ္။

“ ကုသလေရ ဟိုးမွာ ဟိုးမွာ …”

ေဝပုလႅက ပန္းသီးလုံးေလာက္ရွိတဲ့ အနီလုံးကိုလဲျမင္ေရာ ကုသလလက္ကိုဆြဲကာထြက္ေျပးဖို႔အလုပ္ ေအးစက္တဲ့လက္အစုံက ကုသလ၊ေဝပုလႅနဲ႔ သုစိတၱတို႔ရဲ႕ေျခေထာက္ေတြကို ဂူအတြင္းသို႔ တစ္႐ြတ္တိုက္ဆြဲေခၚသြားခဲ့တယ္။

ကိုရင္ငယ္သုံးပါးရဲ႕ေၾကာက္လန္႔တစ္ၾကားေအာ္ဟစ္သံေတြကလဲ လူသူမရွိတဲ့ လႈိဏ္ဂူအတြင္းမွာတင္ တစ္စတစ္စ ေပ်ာက္ကြယ္သြားခဲ့တယ္။

ေက်ာင္းထိုင္ဆရာေတာ္လဲ ကိုရင္ငယ္သုံးပါး ႐ုတ္တရက္ေပ်ာက္ဆုံးသြားတဲ့အတြက္ စိတ္မေကာင္းျဖစ္ကာ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္အေပါင္းအားေမတၱာပို႔သကာ ျပန္လည္ရွာေတြ႕ဖို႔အဓိဌာန္ျပဳဆုေတာင္းခဲ့တယ္။

ဆရာေတာ္ရဲ႕သစၥာေၾကာင့္ ေအာင္ျမတ္သာတို႔မေနသာေတာ့ပဲ ေပ်ာက္သြားတဲ့ကိုရင္ေတြကိုရွာဖို႔အတြက္ နာဂဝီသေတာင္တန္းရွိရာဘက္ကိုထြက္လာခဲ့ၾကတယ္။

လူသူအေရာက္ေပါက္နည္းၿပီး သစ္ပင္ႀကီးငယ္ေတြ ႀကီးစိုးေနတဲ့ နာဂဝီသေတာင္တန္းေပၚကိုေရာက္ေတာ့ ေ႐ႊေရာင္တဝင္းဝင္းနဲ႔သပၸါယ္ေနတဲ့ က်ိဳက္သလႅံေစတီကို ကန္ေတာ့ေနတဲ့အခ်ိန္ ဝူးဝူးဝါးဝါးအသံၾကားလို႔ ၾကည့္လိုက္ေတာ့ မုန္႔ႀကိဳးလိမ္တစ္ခုကို ကိုက္ၿပီး မလွမ္းမကမ္းမွာရပ္ေနတဲ့ ကေလးႏွစ္ေယာက္ကိုျမင္လိုက္ရတယ္။

ဆံေတာက္ဝိုင္းဆံပင္နဲ႔ မိန္းကေလးက ေအာင္ျမတ္သာတို႔ကိုလဲျမင္ေရာ လက္ဟန္ေျခဟန္နဲ႔တစ္ခုခုကိုေျပာခ်င္ေနတဲ့ဟန္ကိုျမင္လိုက္ရတယ္။ ဒါကိုအကင္းပါးတဲ့ေအာင္ျမတ္သာက ကေလးေတြအနားကိုသြားၿပီး

“ သားနဲ႔သမီး နာမည္ဘယ္လိုေခၚလဲကြယ့္”

“ သား သားနာမည္က ေမာင္ေက်ာ္လို႔ေခၚတယ္၊ သူက စကားမေျပာတတ္လို႔ မေ႐ႊအလို႔ပဲေခၚၾကတယ္”

“ ေ႐ႊအေလးနဲ႔ ေမာင္ေက်ာ္က ဦးတို႔ကို ဘာမ်ားေျပာခ်င္လို႔ ေစာင့္ေနၾကတာလဲ”

“ ဟိုေလ သားတို႔အဖိုးက ပုတီးစိပ္ေနလို႔ ဦးတို႔လာရင္ တဝဂူရွိတဲ့ေနရာေျပာျပေပးရမယ္ဆိုၿပီးမွာထားလို႔ပါ”

“ သားတို႔က တဝဂူကိုသိၾကတာလား”

“ သိတာေပါ့ တဝဂူေဘးမွာ သားတို႔သူငယ္ခ်င္းေတြရွိတယ္၊ တစ္ခါတစ္ေလ သူတို႔က သားတို႔ဘုရားမွာလာကစားတယ္”

“ ဟုတ္ပါၿပီ ဒါဆို တဝဂူကိုဘယ္ကေနသြားရလဲ ဦးတို႔ကို ေျပာျပေနာ္”

ေအာင္ျမတ္သာစကားကိုၾကားေတာ့ ေမာင္ေက်ာ္က ေတာက္ဘက္ကိုလက္ညိဳးထိုးၿပီး

“ ဒီကေန ေတာင္ဘက္စူးစူးကိုထြက္သြားရင္ ဘုရားတစ္ဆူေတြ႕လိမ့္မယ္၊ အဲဒီကေန ထပ္သြားရင္ေတာ့ နဂါးတစ္ေကာင္အေမာက္ေထာင္ေနတာနဲ႔တူတဲ့ ေတာင္ကိုေတြ႕လိမ့္မယ္၊ အဲဒီေတာင္ရဲ႕ ေဘးမွာ တဝဂူရွိတယ္။ ဦးတို႔သြားရင္ ဂူထဲက လူႀကီးကို သတိထားေနာ္၊ သူက သားတို႔ဂူထဲဝင္ေဆာ့ရင္ေတာင္ လိုက္႐ိုက္တာ”

“ စိတ္ခ်ပါ ဦးတို႔ သတိထားပါ့မယ္… အဖိုးကိုလဲ အျပန္မွဝင္ႏႈတ္ဆက္ပါ့မယ္လို႔ေျပာထားေပးပါဦး”

ကေလးႏွစ္ေယာက္လဲ ေအာင္ျမတ္သာတို႔စကားကိုၾကားေတာ့ ႏွစ္လိုဖြယ္အၿပဳံးနဲ႔ႏႈတ္ဆက္ကာ ေခါင္းေလာင္းေဘးကိုဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔လဲ က်ိဳက္သလႅံေစတီကေနထြက္လာၿပီး ေတာင္ဘက္စြန္းစြန္းကိုခရီးဆက္ခဲ့ၾကတယ္။

“ ဆရာ ခုနကေတြ႕တဲ့ ကေလးေတြက သိုက္ေစာင့္ေတြလား”

“ ဟုတ္တယ္ … သူတို႔က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မကြၽတ္လြတ္ပဲ ဘုရားမွာေနေနရတာေလ ၊ ဒီအနီးနားတစ္ဝိုက္ကလူေတြကေတာ့ ကေလးေတြအတြက္ မုန္႔ေတြ၊ ကစားစရာေတြ ယူလာေပးတတ္တယ္လို႔ ၾကားဖူးတယ္”

“ ဒါဆို ကိုရင္ေတြေပ်ာက္သြားတာက ကေလးေတြေျပာတဲ့ လူေၾကာင့္မ်ားျဖစ္ေနမလား”

“ ေသခ်ာတာေပါ့သက္ခိုင္ရာ… ကိုရင္ေလးေတြက ဂူေပါက္ကိုအမွတ္မထင္ေတြ႕ၿပီးစူးစမ္းၾကည့္ရာကေန အထဲမွာမကြၽတ္လြတ္ပဲရွိေနတဲ့သူေတြက ဖြက္ထားလိုက္တာျဖစ္ႏိုင္တယ္၊ ငါတို႔ ဂူထဲကိုေရာက္ရင္ အေျဖကိုသိရမွာပါ။ အခုေတာ့ အခ်ိန္မေႏွာင္းခင္ တဝဂူကိုေတြ႕ေအာင္ရွာၾကရေအာင္”

ေအာင္ျမတ္သာက စကားအဆုံးမွာ လွ်င္ျမန္တဲ့ေျခလွမ္းေတြနဲ႔ ထြက္သြားခဲ့တယ္။ တစ္နာရီေလာက္ လမ္းေလ်ာက္ၿပီးခ်ိန္မွာေတာ့ နဂါးတစ္ေကာင္အေမာက္ေထာင္သလိုျဖစ္တည္ေနတဲ့ ကမူတစ္ခုကိုျမင္လိုက္ရတယ္။ ေတာင္ရဲ႕အေပၚမွာေတာ့ ေစတီငယ္ေလးတစ္ဆူတည္ထားတာကိုလဲ ျမင္ေတြ႕ခဲ့တယ္။

“ ကေလးေတြေျပာတဲ့ ေနရာကိုေတြ႕ၿပီဆိုေတာ့ တဝဂူဆိုတာကို ရွာၾကတာေပါ့… ေအာ္ ငါနဲ႔ သက္ခိုင္ ဂူေပါက္ကိုရွာေနတုန္း ေတာက္ရက ဂူထဲမွာထြန္းဖို႔မီးတုတ္ေတြ ရသေလာက္လုပ္ထားပါ”

“ ဟုတ္ကဲ့ဆရာ ခုနကလာတဲ့လမ္းမွာ ထင္းခုတ္သမားေတြ ေနတဲ့တဲအိမ္အခ်ိဳ႕ကိုေတြ႕ခဲ့တယ္၊ သူတို႔ကိုအကူအညီေတာင္းၿပီး လုပ္ထားလိုက္ပါမယ္”

ေအာင္ျမတ္သာလဲ တာဝန္ခြဲေပးၿပီးတာနဲ႔ ဂူေပါက္ဝကိုအျမန္ဆုံးရွာေတြ႕ဖို႔အတြက္ ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္ေတြကို တည္တည္ေနတဲ့အခ်ိန္ ကမူေပၚမွာရွိတဲ့ ဘုရားကေန ဆံရစ္ဝိုင္းေတြနဲ႔ကေလးသုံးေယာက္ ခုန္ေပါက္ေျပးဆင္းလာခဲ့တယ္။

“ ဆရာ ဟိုမွာ ကေလးေတြ ကြၽန္ေတာ္တို႔ဆီလာေနပါလား”

ကေလးေတြက ေအာင္ျမတ္သာတို႔အနားကိုေရာက္ေတာ့ လက္ထဲကိုင္ထားတဲ့ ငွက္ေပ်ာသီးကိုတစ္ကိုက္ကိုက္လိုက္ၿပီး

“ ဦးဦးတို႔က တဝဂူေပါက္ကိုလာရွာတဲ့သူေတြလား”

“ ဟုတ္ပါတယ္ ဒါနဲ႔ ကေလးတို႔က ဘယ္လိုသိၾကတာလဲ”

“ ဘယ္လိုသိဆိုေတာ့ မယ္ေတာ္ႀကီးေျပာျပလို႔သိတာ… မယ္ေတာ္ႀကီးက အဓိဌာန္ဝင္ေနလို႔ဦးတို႔ကို လာေတြ႕လို႔မရေသးတဲ့အေၾကာင္းရယ္… ဂူေပါက္ကိုရွာေတြ႕ခ်င္ရင္ ေတာင္ပတ္လမ္းမွာရွိတဲ့ လွ်ိဳထဲကိုဆင္းသြားရမယ္ဆိုတာ လာေျပာခိုင္းလိုက္လို႔ပါ”

“ လိမ္မာလိုက္တဲ့ကေလးေတြပါလား… မယ္ေတာ္ႀကီးကိုလဲအျပန္ဝင္ေတြ႕ပါမယ္လို႔သတင္းပါးေပးဦးေနာ္”

“ ဟုတ္ကဲ့ ဦးဦး ဒါဆို သားတို႔သြားေတာ့မယ္ေနာ္”

ကေလးေတြက ေအာင္ျမတ္သာတို႔ကို အ႐ိုအေသေပးၿပီး ေစတီေပၚကိုျပန္တက္သြားခဲ့ၾကတယ္။ကေလးေတြျပန္သြားေတာ့ ေအာင္ျမတ္သာတို႔လဲ ေတာင္ပတ္လမ္းမွာရွိတဲ့ လွ်ိဳထဲကိုဆင္းဖို႔ ေနရာၾကည့္လိုက္ရာ သစ္ပင္ငယ္ေလးေတြက်ိဳးပဲ့ေနတဲ့တစ္ေနရာကိုျမင္လိုက္ရတယ္။

“ ကိုရင္ေလးေတြက ဒီကေနဆင္းသြားၾကတာပဲ… ငါတို႔လဲ က်ိဳးေနတဲ့အပင္ငယ္ေလးေတြရွိတဲ့ဘက္ကေနသြားရင္ ဂူေပါက္ကိုေသခ်ာေပါက္ေတြ႕မယ္ထင္တယ္၊ အခုေတာ့ ေတာက္ရျပန္အလာကိုေစာင့္ၾကတာေပါ့”

“ဟုတ္ကဲ့ပါဆရာ…. ဒါနဲ႔ ဂူထဲမွာရွိတဲ့ပုဂၢိဳလ္က သာမန္တေစၦသရဲအဆင့္ေလာက္ေတာ့မဟုတ္ဘူးထင္တယ္ေနာ္”

“ ေသခ်ာတာေပါ့ကြာ… ဒီေတာဒီေတာင္မွာရွိတဲ့ နတ္ေကာင္းနတ္ျမတ္ေတြေတာင္ သူေနတာကိုအသိအမွတ္ျပဳပုံေထာက္ရင္ သူ႔က နတ္ၿပိတၱာအဆင့္ေလာက္ေရာက္ေနၿပီထင္တယ္”

“ နတ္ၿပိတၱာဆိုတာက ဘယ္လိုမ်ိဳးလဲဆရာ”

“ နတ္ၿပိတၱာဆိုတာက ၿပိတၱာေတြထက္အဆင့္ျမင့္ၿပီး နတ္ေတြထက္အဆင့္နိမ့္တဲ့သေဘာပဲ၊ ဒီဂူေပါက္အျပင္မွာဆိုရင္ သူကဘာအစြမ္းသတၱိမွထုတ္သုံးလို႔မရေပမယ့္ ဂူထဲမွာဆိုရင္ေတာ့ သူစိတ္ဆႏၵအတိုင္းလုပ္လို႔ရတယ္ဆိုတဲ့သေဘာပဲ”

သက္ခိုင္လဲ ေအာင္ျမတ္သာေျပာျပတဲ့နတ္ၿပိတၱာအေၾကာင္းကိုစဥ္းစားၿပီး ေစတီရွိရာဘက္ကိုျပန္လာတဲ့အခ်ိန္ ေတာက္ရက မီးတုတ္အခ်ိဳ႕ကိုပိုက္ၿပီးေရာက္လာခဲ့တယ္။

“ ဆရာ ထင္းခုတ္သမားေတြဆီက မီးတုတ္ငါးေခ်ာင္းေလာက္ပဲရခဲ့တယ္။ ဒါေပမယ့္ မီးတုပ္မွာသုံးမယ့္ အဝတ္စနဲ႔ကညင္ဆီေတြေတာ့ ပါလာခဲ့တယ္”

“ ဒီေလာက္ဆို ရေလာက္ပါၿပီ… ဒါျဖင့္ ပစၥည္းေတြလဲဆုံၿပီဆိုေတာ့ ဂူထဲဝင္ၾကတာေပါ့။ အထဲေရာက္လို႔ရွိရင္ ငါ့အေနာက္မွာပဲေနၾက… အေၾကာင္းမရွိပဲ ဂူနံရံေတြကို မထိကိုင္ဖို႔လဲသတိထားဦး”

“ ဟုတ္ကဲ့ပါဆရာ ကြၽန္ေတာ္တို႔ ေသခ်ာမွတ္သားလိုက္နာပါ့မယ္”

“ ဒါျဖင့္ ဂူကိုရွာဖို႔သြားၾကတာေပါ့”

ေအာင္ျမတ္သာတို႔လဲ ေတာင္ပတ္လမ္းကေနမွတစ္ဆင့္ ကိုရင္ေလးေတြဆင္းသြားတဲ့လမ္းလို႔ထင္ရတဲ့ေနရာကေန ေျဖးေျဖးခ်င္းဆင္းလာရာ ဆယ္မိနစ္ေလာက္ၾကာေတာ့ ဆူးပင္ေပၚမွာ ၿငိၿပီးက်န္ေနတဲ့ သကၤန္းစတစ္ခုကိုျမင္လိုက္ရတယ္။

“ ဆရာ ဒီအပင္မွာ သကၤန္းစတစ္စခ်ိတ္ေနတယ္… ကိုရင္ေလးေတြ လွ်ိဳထဲဆင္းတာေသခ်ာၿပီ”

“ ဒါဆိုရင္ ဒီအနားမွာပဲဂူေပါက္ရွိရမယ္ ထူေနတဲ့ၿခဳံေတြကို ဖယ္ၿပီးၾကည့္ၾကဦး”

ေအာင္ျမတ္သာတို႔လဲ ပတ္ပတ္လည္မွာရွိတဲ့ ၿခဳံႏြယ္ေတြကို ဖယ္ၿပီးရွာၾကည့္ရာ ဘိစပ္ပင္ေတြထူထပ္စြာေပါက္ေနတဲ့ၿခဳံအေနာက္မွာ လူတစ္ကိုယ္ဝင္လို႔ရတဲ့ ဂူေပါက္တစ္ခုကို ျမင္ေတြ႕လိုက္ရတယ္။

“ ဆရာ ဒီမွာ ဂူေပါက္ေတာ့ေတြ႕ၿပီ … လာၾကည့္ပါဦး”

သက္ခိုင္စကားေၾကာင့္ ဂူေပါက္ကိုၾကည့္လိုက္ရာ ေျမႀကီးေပၚမွာ အဂၤေတေတြနဲ႔ဂူေပါက္သ႑ာန္လုပ္ၿပီးေျမႀကီးထဲကိုတစ္ဆင့္ခ်င္းနိမ့္ဆင္းသြားတာကိုျမင္လိုက္ရတယ္။

“ မီးတုတ္ေတြ အသင့္ညႇိထားလိုက္ေတာ့ “

ေအာင္ျမတ္သာစကားေၾကာင့္ ေတာက္ရက လက္မွာေပြ႕ထားတဲ့မီးတုတ္ေတြထဲက တစ္ေခ်ာင္းကိုမီးညႇိၿပီးကမ္းေပးလိုက္တယ္။

မီးအလင္းေရာင္က အျပင္မွာသိပ္မသိသာေပမယ့္ ဂူထဲကိုဆင္းသြားတဲ့အခ်ိန္မွာေတာ့ အေတာ္ေလးလင္းလာတာကိုသတိျပဳမိခဲ့တယ္။ ေအာင္ျမတ္သာတို႔ ဂူထဲကိုဆင္းလာၿပီး ေျခလွမ္းဆယ္လွမ္းေလာက္အေရာက္မွာေတာ့ ဂူထဲကေန မႏွစ္ၿမိဳ႕တဲ့ေအာ္သံေတြနဲ႔အတူ ေလျပင္းအခ်ိဳ႕တိုက္ခတ္လာခဲ့တယ္။

“ ေလဝင္ေပါက္မရွိတဲ့ဂူထဲကေန ဘယ္ကေလျပင္းေတြေရာက္လာတာလဲမသိဘူး…”

သက္ခိုင္က ဗ်စ္ေတာက္ဗ်စ္ေတာက္ေျပာၿပီး မီးမၿငိမ္းဖို႔အတြက္ ကိုယ္နဲ႔ကြယ္ထားလိုက္တယ္။ ေလျပင္းေတြစကၠန္႔ပိုင္းေလာက္တိုက္ခတ္ၿပီးခ်ိန္မွာေတာ့ ျပန္လည္ၿငိမ္သက္သြားၿပီး လႈိဏ္ဂူတစ္ခုလုံး တိတ္ဆိတ္သြားခဲ့တယ္။

“ ဒီလႈိဏ္ဂူကိုေဆာက္ခဲ့တဲ့သူေတြက ေဘးနံရံေတြမၿပိဳက်ေအာင္ သစ္နဲ႔တစ္ထပ္ အဂၤေတနဲ႔တစ္ထပ္မံခဲ့တာပဲ၊ အေတာ္စိတ္ကူးဥာဏ္ေကာင္းတဲ့သူေတြ”

ေအာင္ျမတ္သာက ဂူနံရံကိုၾကည့္ၿပီး ေဆာက္လုပ္ခဲ့တဲ့သူေတြကိုခ်ီးက်ဴးကာ အထဲကိုဆက္ဝင္လာခဲ့တယ္။ ဂူဝကေန အထဲကိုမိုင္ဝက္ေလာက္ေရာက္ေတာ့ နံရံေတြမွာ ခ်ိတ္ထားတဲ့ မီးတုတ္နဲ႔မီးစာလို႔ယူဆရတဲ့ပစၥည္းေတြတင္တဲ့ စင္တစ္ခုကိုျမင္လိုက္ရတယ္။

“ သူတို႔က မီးတုတ္တစ္ကမ္းစာတိုင္းမွာ မီးတုတ္အပိုေတြ ထားထားတာပဲ”

သက္ခိုင္ေရ႐ြတ္သံနဲ႔အတူ ေအာင္ျမတ္သာရဲ႕အၾကည့္ေတြက ဂူၾကမ္းျပင္ဆီကိုေရာက္သြားခဲ့တယ္။

“ ဟိုမွာၾကည့္စမ္း… ေအာက္ေျခကေန တစ္႐ြတ္တိုက္ဆြဲေခၚသြားတဲ့စြတ္ေၾကာင္းမဟုတ္လား”

“ ဟုတ္တယ္ဆရာ စြတ္ေၾကာင္းက သုံးခုေတာင္ဆိုေတာ့ ကိုရင္ေလးေတြကိုဒီေနရာကေနဆြဲသြားတာျဖစ္မယ္”

“ အခုကစၿပီး ပတ္ဝန္းက်င္ကို အာ႐ုံစိုက္ သတိထားေပေတာ့ … သူတို႔ေတြ ငါတို႔အနားေရာက္ေနၿပီ”

ေအာင္ျမတ္သာစကားအဆုံးမွာ အေရွ႕ကေနျဖတ္ေျပးသြားတဲ့ အရိပ္တစ္ခုကို ဆရာတပည့္သုံးေယာက္လုံးျမင္လိုက္ရတယ္။

“ ဒီေနရာမွာ အျခားမျမင္ႏိုင္တဲ့အေစာင့္ေတြအမ်ားႀကီးရွိေသးတယ္၊ မင္းတို႔ႏွစ္ေယာက္လုံး စည္းထဲဝင္ခဲ့ၾက”

ေအာင္ျမတ္သာက သက္ခိုင္နဲ႔ေတာက္ရတို႔ကို ပူးကပ္ေစခဲ့ၿပီး အကာအကြယ္အေနနဲ႔ စည္းတစ္ခုကိုတားလိုက္တယ္။ အဲဒီအခ်ိန္ အနီေရာင္အဝတ္ဝတ္ထားတဲ့ လူတစ္ေယာက္ ဂူရဲ႕အေကြ႕ကေန လာေခ်ာင္းတာကိုျမင္လိုက္ရတယ္။

“ ဒီဂူထဲမွာေနၾကတဲ့ အေစာင့္အေရွာက္မ်ားကို ဦးဆုံးအသိေပးခ်င္တာက က်ဳပ္တို႔ဟာ သင္တို႔ကို ဒုကၡေပးမယ့္သူေတြမဟုတ္ဘူးဆိုတာပဲ၊ က်ဳပ္တို႔အခုလာေရာက္ရတာက သင္တို႔ဖမ္းထားတဲ့ ကိုရင္သုံးပါးကို လာေခၚရျခင္းျဖစ္တယ္။ ဒီကိုရင္ေတြကိုျပန္လႊတ္ေပးရင္ သင္တို႔အေပၚ ျမဴတစ္မႈန္စာပင္ထိခိုက္ေအာင္မလုပ္ဘူးလို႔ က်ဳပ္ကတိေပးတယ္။ က်ဳပ္ရဲ႕ေတာင္းဆိုခ်က္ကို သင္တို႔မလိုက္နာဘူးဆိုရင္ေတာ့ သက္ဆိုင္ရာပုဂၢိဳလ္ေတြကိုတိုင္တည္ၿပီး အတင္းအၾကပ္ထုတ္ခိုင္းရလိမ့္မယ္”

ေအာင္ျမတ္သာရဲ႕ ဩဇာပါတဲ့အသံက ဂူတစ္ခုလုံးဟိန္းထြက္သြားတဲ့ေနာက္မွာေတာ့ တစ္ကိုယ္လုံးမဲနက္ေနတဲ့ လူရိပ္တစ္ခုက ဂူအတြင္းဘက္ကေနထြက္လာခဲ့တယ္။

“ က်ဳပ္တို႔လာတာ သင္နဲ႔ေတြ႕ဖို႔မဟုတ္တဲ့အတြက္ ျပန္ထြက္သြားပါ” လို႔ေျပာေတာ့ ရပ္ေနတဲ့သူဆီကေန စူးရွတဲ့ရယ္သံနဲ႔အတူ
“ ထြက္သြားစမ္း… ငါတို႔ဂူထဲကထြက္သြား”ဆိုတဲ့အသံနက္ႀကီးထြက္ေပၚလာခဲ့တယ္။

ဒီတစ္ခါေတာ့ ေအာင္ျမတ္သာ ဘာမွမေျပာေတာ့ပဲ ညာဘက္လက္နဲ႔ ပုတ္ထုတ္လိုက္ရာ ရပ္ေနတဲ့အရိပ္မဲမဲႀကီးက ငွက္ေတာင္တစ္ခုလို ေဘးကိုလႊင့္ထြက္သြားခဲ့တယ္။

“ က်ဳပ္ေခၚေနတာ ဂူကိုေစာင့္တဲ့အႀကီးအကဲ… ဒါကိုမခန္႔ေလးစားလုပ္ၿပီး အျခားသူေတြကိုပဲလႊတ္မယ္ဆိုရင္ေတာ့ က်ဳပ္အဆိုးမဆိုပါနဲ႔”

ေအာင္ျမတ္သာရဲ႕မာန္ဌာန္အျပည့္ပါတဲ့စကားသံအဆုံးမွာ အနီေရာင္ဝတ္စုံကိုဝတ္ထားတဲ့လူတစ္ေယာက္ ေက်ာေပးတဲ့အေနအထားနဲ႔ေပၚလာခဲ့တယ္။

“ သင္ဘယ္သူလဲ…”

ေအာင္ျမတ္သာေမးတာကို ေက်ာေပးထားတဲ့သူက ျပန္ေျဖလိုက္ေပမယ့္ သူေျပာတဲ့ဘာသာစကားကို ေအာင္ျမတ္သာတို႔သုံးေယာက္လုံးနားမလည္တဲ့အတြက္

“ သင္ေျပာတဲ့စကားကို က်ဳပ္တို႔နားမလည္တဲ့အတြက္ ဒီေဒသစကားကိုသာေျပာပါ… ဒါမွသင္နဲ႔က်ဳပ္တို႔ၾကား ညႇိႏႈိင္းလို႔ရမယ္… အခုက်ဳပ္ေမးတာေျဖပါ သင္က ဒီလႈိဏ္ဂူကိုေစာင့္ေနတဲ့သူလား”

“ ေအး ဟုတ္တယ္ ငါက ဒီလႈိဏ္ဂူကိုေစာင့္တဲ့သူပဲ”

“ အဲလို က်ဳပ္တို႔နားလည္တဲ့စကားနဲ႔ေျပာေပးတဲ့အတြက္ သင္ျဖစ္ခ်င္တာကိုညႇိႏႈိင္းလို႔ရတာေပါ့… ကဲ ေျပာစမ္း ဘာေၾကာင့္ကိုရင္ငယ္ေတြကိုဖမ္းထားတာလဲ… “

“ ငါလိုခ်င္တဲ့ပစၥည္းကိုယူေပးရင္ ကိုရင္ေတြကိုျပန္လႊတ္ေပးမယ္”

“ သင္လိုခ်င္တဲ့ပစၥည္းက ဘာမ်ားလဲ… ေျပာၾကည့္ပါ”

“ ဒီရာမၼာဝတီၿမိဳ႕အစြန္မွာရွိတဲ့ နဂါး႐ုပ္ထုရဲ႕အျမႇီးပိုင္းမွာ ပတၱျမားတစ္တင္းရွိေနတယ္။ အဲဒါကိုယူေပးႏိုင္ရင္ ကိုရင္ေတြကိုလႊတ္ေပးမယ္”

“ ဒါဆိုရင္ သင္တို႔ဖမ္းထားတဲ့ ကိုရင္ေတြအသက္ရွင္မရွင္ က်ဳပ္တို႔ၾကည့္ခ်င္ေသးတယ္။ ကိုရင္ေတြအသက္ရွင္တယ္ဆိုမွ သင္ေျပာတာကိုစဥ္းစားေပးမယ္”

ေအာင္ျမတ္သာစကားအဆုံးမွာ ဂူရဲ႕အတြင္းဘက္ေထာင့္တစ္ေနရာမွာ ႏွစ္ၿခိဳက္စြာအိပ္ေပ်ာ္ေနတဲ့ ကိုရင္သုံးပါးက ဘြားကနဲေပၚလာခဲ့တယ္။

“ သင္ေျပာတဲ့ပတၱျမားတစ္တင္းက ရွိလားမရွိလားဆိုတာက်ဳပ္တို႔ကိုဘယ္လိုသက္ေသျပေပးမွာလဲ”

“ နင္တို႔ကိုစကားျပတ္ျပတ္ေျပာမယ္.. ပတၱျမားကိုယူလာႏိုင္ရင္ ကိုရင္ေတြကိုလႊတ္ေပးမယ္.. မယူလာႏိုင္ရင္ေတာ့ ဒီကိုရင္ေတြကိုသတ္ပစ္မွာ”

“ သင္အခုအခ်ိန္ကစၿပီး ကိုရင္ေတြရဲ႕အသက္ကိုသတ္ဖို႔မေျပာနဲ႔ အသားကိုေတာင္ ထိလို႔ရလားစမ္းၾကည့္ေလ”

ေအာင္ျမတ္သာစကားအဆုံးမွာ ေက်ာေပးထားတဲ့လူက တေသြးသံတရဲရဲနဲ႔ပ်က္စီးေနတဲ့မ်က္ႏွာနဲ႔လွည့္ၾကည့္ကာ

“ ဒီသေကာင့္သားေတြကို ဂူထဲမွာထည့္ပိတ္ထားလိုက္စမ္း” ဆိုၿပီးေျပာလိုက္ေတာ့ ဂူနံရံေတြထဲကေန လက္ေတြထြက္လာၿပီး ေအာင္ျမတ္သာတို႔ကိုဆြဲပါေလေရာ။

ဒါေပမယ့္ ထြက္လာတဲ့လက္ေတြက စည္းခ်ထားတဲ့အနားလဲေရာက္ေရာ မီးနဲ႔တို႔ခံထိတဲ့ စကၠဴေတြလို အခိုးေငြ႕ေတြထြက္ၿပီး ဂူနံရံေတြထဲျပန္ဝင္သြားခဲ့တယ္။

ေအာင္ျမတ္သာတို႔ကို လြယ္လြယ္နဲ႔ဖမ္းမရဘူးဆိုတာသိသြားတဲ့အတြက္ ဂူအတြင္းပိုင္းကိုထြက္ေျပးဖို႔ႀကိဳးစားေပမယ့္ ေျခေထာက္ေတြက လႈပ္မရျဖစ္လို႔ၾကည့္လိုက္ေတာ့ အင္းစမကြက္ေတြပါတဲ့နဖူးစည္း စည္းထားတဲ့ ပုဂၢိဳလ္ေတြက ေျခေထာက္ႏွစ္ဖက္ကို အပ္ခ်ည္ႀကိဳးနဲ႔ခ်ဳပ္ေႏွာင္ထားတာျမင္လိုက္ရတယ္။

ေသးမွ်င္တဲ့အပ္ခ်ည္ႀကိဳးနဲ႔ခ်ည္ထားေပမယ့္ ေျခေထာက္ကေက်ာက္႐ုပ္တစ္ခုလို လႈပ္မရျဖစ္ေနတာျမင္ေတာ့ ေၾကာက္လန္႔ၿပီး ငယ္သားေတြကိုအကူအညီေတာင္းေပမယ့္ ဘယ္သူမွအနားကိုေရာက္မလာခဲ့ၾကဘူး။

ေအာင္ျမတ္သာရဲ႕ စိတ္အာဏာစက္ေအာက္မွာေတာ့ လႈိဏ္ဂူထဲမွာႏွစ္ကာလမ်ားစြာဗိုလ္က်စိုးမိုးလာတဲ့ နတ္ၿပိတၱာတစ္ေယာက္ က်ရႈံးခဲ့ရတယ္။ အဲဒီအခ်ိန္ အိပ္ေပ်ာ္ေနတဲ့ ကိုရင္သုံးပါးျပန္ႏိုးလာၿပီး ေအာင္ျမတ္သာတို႔ရွိေနတဲ့ စည္းထဲကို ေၾကာက္လန္႔တၾကားေျပးဝင္လာခဲ့တယ္။ဒီလိုျဖစ္ေအာင္လဲ ခ်ဳပ္ေႏွာင္ခံထားရတဲ့ နတ္ၿပိတၱာက ကိုရင္ေတြကို တမင္လႊတ္ေပးလိုက္တာျဖစ္တယ္။

ဒီတစ္ခါမွာေတာ့ စည္းေပါက္ပီအထင္နဲ႔ လႈိဏ္ဂူထဲမွာခိုေအာင္းေနၾကတဲ့ နာနာဘာဝေတြအားလုံး ေအာင္ျမတ္သာတို႔ရွိရာကို ညာသံေပးဝင္ေရာက္ပူးကပ္ဖို႔ႀကိဳးစားခဲ့ေပမယ့္ အနားမေရာက္ခင္မွာပဲ မျမင္ႏိုင္တဲ့တြန္းကန္အားတစ္ခုေၾကာင့္ အေနာက္ကိုလြင့္ထြက္သြားခဲ့တယ္။

သက္ခိုင္တို႔လဲ စည္းထဲဝင္လာတဲ့ ကိုရင္ငယ္ေလးေတြကို ဆြဲထူလိုက္ေပမယ့္ ႏွစ္ရက္ေလာက္ဆြမ္းမဘုန္းရေသးတဲ့အတြက္ အားအင္ခ်ိနဲ႔ကာ ယိုင္တိယိုင္တိုင္ျဖစ္ေနခဲ့တယ္။ ေအာင္ျမတ္သာလဲ ကိုရင္ေတြျပန္ေတြ႕ၿပီမို႔ အစီအရင္ေတြကိုမဖ်က္ပဲ ဂူေပါက္ဝေရာက္ေအာင္ျပန္ဆုတ္လာခဲ့ၾကတယ္။ ဂူေပါက္ရဲ႕အျပင္ကိုေရာက္ေတာ့မွ ခ်ဳပ္ေႏွာင္ထားတဲ့အစီအရင္ေတြကို ႏႈတ္မိန္႔နဲ႔ပယ္ဖ်က္လိုက္ရာ ဂူထဲကေန မေက်မခ်မ္းနဲ႔ ေအာ္ဟစ္သံေတြအျပင္ နားမလည္တဲ့ဘာသာစကားနဲ႔ ေအာ္ေနတဲ့အသံေတြကိုပါၾကားလိုက္ရတယ္။

ေအာင္ျမတ္သာတို႔ဂူျပင္ကိုေရာက္ေတာ့ သက္ခိုင္က
“ ဆရာ အထဲက နတ္ၿပိတၱာကို ဘယ္လိုလုပ္မလဲ၊ ဒီတိုင္းလႊတ္ထားလို႔မျဖစ္ဘူးထင္တယ္ေနာ္”

“ မဟုတ္ဘူးသက္ခိုင္ … သူက ဂူထဲကိုသာ အပိုင္စားရထားတဲ့အတြက္ အျပင္ကလူေတြကို သူ႔အေနနဲ႔ ဘာမွလုပ္ႏိုင္မွာမဟုတ္ဘူး၊ ဒါေၾကာင့္ ကိုရင္ေတြကို ျပန္ပို႔ေပးၿပီးတာနဲ႔ ဂူေပါက္ကို ဘယ္သူမွမဝင္ႏိုင္ေအာင္ ပိတ္ပစ္ရလိမ့္မယ္”

“ ကြၽန္ေတာ္သေဘာေပါက္ပါၿပီ… ဆရာ… သက္ခိုင္ ကိုရင္ေတြကိုထမ္းၿပီး ေက်ာင္းကိုလိုက္ပို႔ၾကရေအာင္”

သက္ခိုင္နဲ႔ေတာက္ရလဲ ကိုရင္သုံးပါးကို ခ်ီပိုးၿပီး သီတင္းသုံးတဲ့ေက်ာင္းကိုလိုက္ပို႔ေပးခဲ့တယ္။ ေက်ာင္းျပန္ေရာက္ေတာ့ ဆရာေတာ္ထံျဖစ္ေၾကာင္းကုန္စင္ကိုေျပာျပလိုက္ေတာ့ ခ်က္ခ်င္းဆိုသလို ေက်ာင္းရွိသံဃာေတြစုၿပီး ဂူဝင္ေပါက္ကို ေက်ာက္တုံးေက်ာက္ခဲေတြနဲ႔အေသပိတ္ကာ အျပင္ကေန အဂၤေတမံခဲ့ၾကတယ္။ အဲဒီအခ်ိန္ကစၿပီး တဝဂူရဲ႕အထဲကို ဘယ္သူမွမဝင္ရဲၾကေတာ့တာ ယေန႔အခ်ိန္ထိပဲျဖစ္ပါတယ္။

ေအာင္ျမတ္သာလဲ ဘုန္းႀကီးေက်ာင္းကထြက္လာၿပီးေတာ့ နဂါးအေမာက္လိုျဖစ္ေနတဲ့ကုန္းေပၚကေစတီကိုေစာင့္ေရွာက္တဲ့မယ္ေတာ္နဲ႔ က်ိဳက္သလႅံဘုရားရင္ျပင္ေစာင့္အဖိုးတို႔ကိုႏႈတ္ဆက္ကာ ေတာင္ဘက္အရပ္ကိုခရီးဆက္ခဲ့ၾကတယ္။

အခုလာမယ့္ ခရီးစဥ္မွာေတာ့ မြန္ျပည္နယ္ရဲ႕အထင္ကရျဖစ္ခဲ့တဲ့ ဆရာေတာ္အေလာင္းအလ်ာတစ္ပါးနဲ႔ေတြ႕ဆုံခဲ့ျဖစ္ခဲ့ပုံေတြအျပင္ မနက္အ႐ုဏ္တက္ခ်ိန္ ေစ်းေရာင္းေစ်းဝယ္လုပ္ၾကတဲ့ ျပည္သူေတြကို ေျခာက္လွန္႔စားေသာက္ေနတဲ့ ႏွစ္ခ်ိဳ႕သဘက္ႀကီးတစ္ေကာင္ကို ဆုံးမတဲ့အေၾကာင္းပရာေတြကိုဖတ္ရႈရမွာျဖစ္ပါတယ္။

ဒီအေၾကာင္းကိုေတာ့ ေအာင္ျမတ္သာႏွင့္ နား႐ြက္ၿခဳံသဘက္ဆိုတဲ့ဝတၱဳမွာဖတ္ရႈေပးၾကပါဦး။

ေလးစားစြာျဖင့္
ေဇယန(ရာမည)