“နှစ်တစ်ရာကျိန်စာ”(စ/ဆုံး) ———————————- ဒီနေ့သုံးဖန်လှရွာ တွင် ဘုရားတည်ရန်ပန္နက်ချမည်။ ကာလသားများမှာမြေတူးမြေသယ်သကဲ့သို့ ကျေးရွာသူပျိုဖြူကာလသမီးများကလည်းတစ်တပ်တစ်အား တစ်ဖက်တစ်လှမ်းမှကူညီအားဖြည့်ကြသည်။ ထိုအထဲတွင် သူကြီးဦးငွေဆောင် ကအတက်ကြွဆုံး ဒီရွာကြီးက ရှေးအရင်တည်းကရှိခဲ့သောရွာကြီးဟုလူတိုင်းကပြောကြသည်။ ရွာနဲ့ပတ်သက်၍လည်းတစ်ထောက်တစ်ညပုံပြင်တွေအများကြီးရှိသည်။ ဦးငွေဆောင်မှာ အသက်ငါးဆယ်နားနီးသော်လည်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့်ခန့်တုန်းသန့်တုန်းလူပျိုကြီးဆိုလည်းမမှားပေ။ မစွံလို့လူပျိုကြီးဖြစ်နေတာတော့မဟုတ်ပေ။ စွံတော့စွံသည်။တစ်ဦးတည်းသောသားမို့ သူကိုတိုင်ကစိတ်မပါသည့်တိုင် မိဘစကားနားထောင်ကာ အိမ်ထောင်ပြုရန်အကြိမ်ကြိမ်ကြိုးစားဖူးသည်။ ဒါပေမယ့် သူနှင့်ပတ်သက်သမျှသော သူတို့သမီးလောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသူတွေနှင့် တစ်ချို့ဆိုရူးသွားကြသည်။ နောက်တော့သူကလူကြမ်းတစ်ယောက်ဖြစ်ကာ ဘယ်သမီးရှင်မှ မစပ်ဟပ်ရဲတော့ပေ။ ဦးငွေဆောင်ဧ။်မိဘဖြစ်သူ ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်းတို့မှာ ပစ္စည်းဉစ္စာလည်းကုံလုံ သားချောသားလှတစ်ယောက်မွေးထားပါသော်လည်း သားဖြစ်သူ၏အတိတ်ကံကြောင့် ရှေ့ရေးမလှမှာကိုရတက်မအေးရှာပဲ သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက်ကွယ်လွန်သွားကြသည်။ ခုတော့ဦးငွေဆောင်မှာသူ၏တပည့်လေးများနှင့်နေထိုင်လေသည်။ လွန်ခဲ့သော ...

*နှစ်တစ်ရာကျိန်စာ*📖📖📖 =========== ************************** ဒီနေ့သုံးဖန်လှရွာ တွင် ဘုရားတည်ရန်ပန္နက်ချမည်။ ကာလသားများမှာမြေတူးမြေသယ်သကဲ့သို့ ကျေးရွာသူပျိုဖြူကာလသမီးများကလည်းတစ်တပ်တစ်အား တစ်ဖက်တစ်လှမ်းမှကူညီအားဖြည့်ကြသည်။ ထိုအထဲတွင် သူကြီးဦးငွေဆောင် ကအတက်ကြွဆုံး။ ဒီရွာကြီးက ရှေးအရင်တည်းကရှိခဲ့သောရွာကြီးဟုလူတိုင်းကပြောကြသည်။ ရွာနဲ့ပတ်သက်၍လည်းတစ်ထောက်တစ်ညပုံပြင်တွေအများကြီးရှိသည်။ ဦးငွေဆောင်မှာ အသက်ငါးဆယ်နားနီးသော်လည်း အသားဖြူဖြူအရပ်မြင့်မြင့်နှင့်ခန့်တုန်းသန့်တုန်းလူပျိုကြီးဆိုလည်းမမှားပေ။ မစွံလို့လူပျိုကြီးဖြစ်နေတာတော့မဟုတ်ပေ။ စွံတော့စွံသည်။တစ်ဦးတည်းသောသားမို့ သူကိုတိုင်ကစိတ်မပါသည့်တိုင် မိဘစကားနားထောင်ကာ အိမ်ထောင်ပြုရန်အကြိမ်ကြိမ်ကြိုးစားဖူးသည်။ ဒါပေမယ့် သူနှင့်ပတ်သက်သမျှသော သူတို့သမီးလောင်းများမှာ အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသူတွေနှင့် တစ်ချို့ဆိုရူးသွားကြသည်။ နောက်တော့သူကလူကြမ်းတစ်ယောက်ဖြစ်ကာ ဘယ်သမီးရှင်မှ မစပ်ဟပ်ရဲတော့ပေ။ ဦးငွေဆောင်ဧ။်မိဘဖြစ်သူ ဦးငွေရှင်နှင့် ဒေါ်ခင်ဆောင်းတို့မှာ ပစ္စည်းဉစ္စာလည်းကုံလုံ သားချောသားလှတစ်ယောက်မွေးထားပါသော်လည်း သားဖြစ်သူ၏အတိတ်ကံကြောင့် ရှေ့ရေးမလှမှာကိုရတက်မအေးရှာပဲ သားစိတ်နှင့်ပင်ရှေ့ဆက်နောက်ဆက်ကွယ်လွန်သွားကြသည်။ ခုတော့ဦးငွေဆောင်မှာသူ၏တပည့်လေးများနှင့်နေထိုင်လေသည်။ ...

Unicode Version ” အောင်မြတ်သာနှင့်တဝဂူစောင့်နတ်ပြိတ္တာ ”(စ/ဆုံး) ———————————————————————- ကျွန်းလုံးကြီးတွေနဲ့ခန့်ညားထည်ဝါစွာတည်ဆောက်ထားတဲ့ စံအိမ်တစ်လုံးအတွင်းမှတော့ ပိုးသားပဝါကိုကျနစွာပေါင်းထားပြီး ရေလှိုင်းပုံစံပါတဲ့ဇင်းမယ်ချိတ်လုံချည်ကို သေသပ်စွာဝတ်ဆင်ထားတဲ့ လူတစ်ယောက်က ကော့တက်နေတဲ့ နှုတ်ခမ်းမွှေးတွေကို လက်နဲ့သပ်ရင်း “ မကြာခင် ငါတို့လူမျိုးတွေ စစ်ရှုံးနိုင်မယ့်အလားအလာ မြင်နေရတယ်။ ဒါကြောင့် ငါတို့ပိုင်တဲ့ပစ္စည်းတွေကို အယုဒ္ဓယကိုပြန်သယ်ဖို့လိုပြီထင်တယ်” လို့ပြောတော့ သလွန်ခြေရင်းမှာ ခန္ဓာကိုယ်တောင့်တောင့် ရင်အုပ်ကားကားနဲ့ လူတစ်ယောက်က “ သူဌေးကြီးပိုင်ဆိုင်တဲ့ပစ္စည်းတွေက များလွန်းတဲ့အတွက် မြို့တော်ကို လူနဲ့တစ်ပါတည်းယူဆောင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆမိပါတယ်။ ဒါကြောင့် အချို့ယူသင့်တာကိုယူဆောင်ပြီး အချို့တစ်ဝက်ကို ရာမ္မာဝတီမြို့(ယခုအခေါ် မော်လမြိုင်မြို့)ထဲမှာ ...

“*သေပြီးသော်မှ “* 📖📖📖 *************** မိုးလေး တဖွဲဖွဲရွာလာသည့်အချိန်မှ ကျနော်အိမ်ပြန်ရန် သတိရလိုက်သည်။ အချိန်က ရှစ်နာရီခွဲခန့် ရှိပြီး ဖြစ်သဖြင့် လိုင်းကား အသွားအလာလည်း မရှိတော့။ မြို့တွင်းမှ အပြန်ကားတစ်ချို့သာ ရပ်ကွက်ထဲ ဝင်လာသည်ကို တွေ့နေရသည်။ လမ်းပေါ်မှာလည်း မိုးရွာနေသည့်အတွက် လူရှင်းသလောက် ဖြစ်နေသည် သူငယ်ချင်းမိတ်ဆွေ လေးယောက် ဆုံမိပြီး လက်ဖက်ရည်ဆိုင်မှာ စကားကောင်းနေမိခြင်း ဖြစ်သည်။ သူတို့၏ ရပ်ကွက်ဖြစ်သဖြင့် အချိန်လင့်သော်လည်း အကြောင်းမဟုတ်သဖြင့် ထိုင်ရာမှ မထကြသေး။ ကျနော်က သူတို့ရပ်ကွက်မှ အပြန်လမ်းလျှောက်လျှင် တစ်နာရီနားပါးမျှ ...

“မနှင်းဆီ”(စ/ဆုံး) –––––––––––––––––––––– အချိန်သည် ည၁၀နာရီခန့် ရှိပြီမို့ ကျူး ရက်ကွက်လေးထဲ အနည်ငယ် ငြိမ်သက်နေပြီဖြစ်၏။ ကျူးရက်ကွက်လေးမို့ အစိုးရ လျှပ်စစ်မီး မရတာလဲပါတယ်။ လူငယ်တစ်စု ဂစ်တာတစ်လက်ကို ပုခုံးပေါ်တင်ထမ်းလျှက် စက်ရုံဆင်းနေသော ကောင်မလေးများ အဆောင်ဘက်သို့ ချီတတ်သွားကြလေသည်။ “ဟေ့ကောင် ဝဏ္ဏ ဟိုရောက်ရင် ငါကြိုက်တဲ့ သီချင်းလေး တီးပေးရမယ်နော် မင်းကိုငါ ညနေက လက်ဖက်ရည်တိုက်ထားပြီးပြီ” လူငယ်တွေထဲ ဂစ်တာတီးတတ်သူမှာ ဝဏ္ဏ တစ်ယောက်ထဲ ရှိသည်မို့ ကောင်းထက် တစ်ယောက် ညနေကတည်းက လက်ဖက်ရည်တိုက်ပြီး ညအတွက် သီချင်းကြိုတောင်းထားရသည်။ ...

*သွေးသောက်ကျောက်လက်ဝါး*📖📖📖 ********* ********** ညဉ့်အမှောင်မှာ အင်းမရွာကြီးက တိတ်ဆိတ်ငြိမ်သက်နေတယ်။ တစ်ချက်တစ်ချက် အဝေးဆီက ဆွဲဆွဲငင်ငင်အူလိုက်တဲ့ ခွေးအူသံတို့က ပတ်၀န်းကျင်ကို လွှမ်းမိုးထားလေရဲ့။ အဲ့ဒီ့အချိန် ရွာအစွန်ဆီက ဦးနီရဲ့ အိမ်ဆီမှာတော့…။ ဦးနီ တစ်ယောက် မီးဖိုခန်းထဲမှာ ကြက်တစ်ကောင်ကို လည်ချောင်းသွေးဖောက်ထုတ်ပြီး ခွက်နဲ့ ခံနေတယ်။ တအောင့်ကြာလို့ ကြက်သွေးတွေကုန်သွားချိန်ကျ ဦးနီက ကြက်သေကောင်ကို နံဘေးပစ်ချလိုက်ပြီး သွေးခွက်ကိုယူတယ်။ ပြီးတော့ အိမ်ရဲ့ အတွင်းခန်းဘက်ဆီကို လှမ်း၀င်သွားခဲ့တယ်။ အတွင်းခန်းဆီမှာတော့ ဖန်မီးအိမ်ရဲ့ မှိန်ပြပြ အလင်းရောင်းက ဖြန့်ကျက်ထားတယ်။ အဲ့ဒီ့မှန်ပြပြ အလင်းရောင်ကြောင့် ...

*””မနှင်းဆီ*📖📖📖 ********** **************** ~~~ အချိန်သည် ည၁၀နာရီခန့် ရှိပြီမို့ ကျူး ရက်ကွက်လေးထဲ အနည်ငယ် ငြိမ်သက်နေပြီဖြစ်၏။ ကျူးရက်ကွက်လေးမို့ အစိုးရ လျှပ်စစ်မီး မရတာလဲပါတယ်။ လူငယ်တစ်စု ဂစ်တာတစ်လက်ကို ပုခုံးပေါ်တင်ထမ်းလျှက် စက်ရုံဆင်းနေသော ကောင်မလေးများ အဆောင်ဘက်သို့ ချီတတ်သွားကြလေသည်။ “ဟေ့ကောင် ဝဏ္ဏ ဟိုရောက်ရင် ငါကြိုက်တဲ့ သီချင်းလေး တီးပေးရမယ်နော် မင်းကိုငါ ညနေက လက်ဖက်ရည်တိုက်ထားပြီးပြီ” လူငယ်တွေထဲ ဂစ်တာတီးတတ်သူမှာ ဝဏ္ဏ တစ်ယောက်ထဲ ရှိသည်မို့ ကောင်းထက် တစ်ယောက် ညနေကတည်းက လက်ဖက်ရည်တိုက်ပြီး ...

Unicode Version ” အောင်မြတ်သာနှင့်မောင်းတစ်လုံးတောင် “(စ/ဆုံး) ———————————————————— နှစ်ပေါင်းများစွာမပြုပြင်ပဲထားခဲ့တဲ့ တန်ဆောင်းတစ်ခုအတွင်းကနေ ဖယောင်းတိုင်မီးအလင်းရောင် မှိန်ပြပြက သူ့အထွာနဲ့သူအလင်းဓါတ်ကိုပေးနေခဲ့တယ်။ ဖယောင်းတိုင်မီးအလင်းရောင်ကြောင့် အမှောင်ထုကိုခိုပြီး တွယ်ကပ်နေကြတဲ့ လင်းနို့တွေရဲ့အော်မြည်သံကလဲ တိတ်ဆိတ်တဲ့ညအချိန်အခါမှာ ရံဖန်ရံခါထွက်ပေါ်လာခဲ့တယ်။ လူရိပ်လူခြေမရှိ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ တန်ဆောင်းထဲမှာတော့ အောင်မြတ်သာတို့ဆရာတပည့်သုံးယောက်ကငြိမ်သက်စွာထိုင်ပြီး သမထကိုမြင့်သထက်မြင့်အောင် အားထုတ်နေခဲ့ရာ ခန္ဓာကိုယ်မှာရှိတဲ့မွှေးညှင်းနုလေးတွေရဲ့လှုပ်ရှားမှုကအစ သတိထားမိလာတဲ့အဆင့်ထိရောက်လာခဲ့တယ်။ အဲဒီအချိန် … “ တရားဖြုတ်ပြီးတာနဲ့ တောင်ဘက်စူးစူးကိုသွားပါ… ထမင်းအိုးသုံးလုံးချက်လောက်သွားပြီးတာနဲ့ အုတ်ကျိုးအပျက်တွေအတိဖြစ်နေတဲ့စေတီပျက်တစ်ဆူကိုမြင်ရလိမ့်မယ်၊ စေတီပျက်ကိုတွေ့ရင် သူ့ဘေးလမ်းကနေ တောင်ပေါ်ကိုဆက်တက်ပါ..တောင်ပေါ်ရောက်ရင် ဆရာအဆက်ဆက်တည်လို့မရခဲ့တဲ့ စေတီတစ်ဆူကိုတွေ့အောင်ရှာပြီး သာသနာပြုပါလူလေး” ဆိုတဲ့အသံကိုရှင်းလင်းပြတ်သားစွာကြားလိုက်ရတယ်။ အောင်မြတ်သာလဲ ...

Unicode Version ” ပုဏ္ဏက အတိုက်ခံရတဲ့ရွာ “(စ/ဆုံး) ————————————- ဝုန်း…ဒိုင်း… ဝုန်း…ဒိုင်း…ဂျိန်း… ည ခုနှစ်နာရီထိုးသည့်နှင့် ရွာအရှေ့ပိုင်းမှသည် ရွာအလယ်ပိုင်းအထိ တစ်အိမ်ပြီးတစ်အိမ် ခဲများ အဆက်အပြတ် ကျလာသည်။ “ဟာ…ပစ်ပြန်ပြီဟေ့” ဒုန်း…ဒုန်း “ပစ်ပြန်ပြီ …သတိထားကြ” “ကလေးတွေ အိမ်ထဲဝင်ကြစမ်း” အိမ်စဉ်တစ်လျှောက် အော်သံဟစ်သံ၊ ကလေး ခေါ်သံများ ဆူညံသွားသည်။ ခဏနေတော့ လူ တွေ၏ အော်သံဟစ်သံတို့ ပျောက်သွားသည်။ ဝုန်း…ဒိန်း လူတွေ၏အော်သံ၊ ကလေးငိုသံတို့၊ တိတ်ဆိတ် သွားပေမယ့် ခဲကျသံက အိမ်စဉ်ဆက်ပြီး ...

Unicode Version ” သုသာန်ကျောင်းက မောင်ဘထစ် ” (စ/ဆုံး) ————————————————- ရေးသားသူ…တာတေ ဒီတုန်းက တာတေ ခုနှစ်တန်းဗျ။ မြို့ကျောင်း မှာ တက်နေတာ။ ကျုပ်တို့ အတန်းပိုင်ဆရာ က ဦးထွန်းလေ။ သင်္ချာ (၂)ဆရာဗျ။ ဂျော် မက်ထရီဆို လွှတ်ပိုင်တဲ့ ဆရာပေါ့ဗျာ။ စည်းကမ်းကလည်း တော်တော်ကြီးသားဗျ။ တာတေတို့အုပ်စုကလည်း မျောက်ရှုံးအောင် ဆော့တဲ့ကောင်တွေ မဟုတ်လား။ ခဏ ခဏ အပြစ်ပေးခံရသပေါ့ဗျာ။ တာတေတို့အုပ်စု ဆိုတာက တာတေရယ်၊ အောင်သိန်းရယ်၊ မျက်မှေးရယ်၊ တက်ခါးရယ်၊ ...